Internet Explorer ကို မယုံကြည်သင့်တော့

alt

M icrosoft မှ ထုတ်ဝေ ထားသည့် Web Browser ဖြစ်သော Internet Explorer ၏ အားနည်း ချက်များ ကို ထိုးဖောက်ကာ Online မှ တဆင့် ကိုယ်ရေး အချက်အလက် များ အနုကြမ်းစီး ခံရနိုင်ကြောင်း သတိပေးမှု များ ထွက်ပေါ် လာခဲ့အပြီး Microsoft အနေ နှင့် IE အတွက် Patch အသစ် တစ်ခု အရေးပေါ် ထုတ်ပေး ခဲ့ရသည်။ ကမာ္ဘ့ကွန်ပျူတာ အသုံးပြုသူ သန်းပေါင်း များစွာတို့သည် IE မှတဆင့် ဆိုင်ဘာ ရာဇဝတ်သား များ ၏ ခြိမ်းခြောက်မှု ကို ခံရ နိုင်ကြောင်း သတိပေး ချက်များ ကျယ်ကျယ် ပြန့်ပြန့် ထွက်ပေါ်လာ ခဲ့ပြီးနောက် Microsoft အတွက် ထိခိုက် စရာ ဖြစ်လာ ခဲ့သည်။

ကမာ္ဘ့အင်တာနက် အသုံးပြု သူများ၏ (၇၀) ရာခိုင်နှုန်းတို့သည် IE ၏ မလုံခြံုမှု ကြောင့် နစ်နာဖွယ် ရှိကြောင်း သုတေသီများ က ထောက်ပြခဲ့ပြီးနောက် လူအများသည် IE အား အယုံအကြည် ကင်းမဲ့ လာခဲ့သည်။ IE ကိုအခြေပြုပြီး Activate ဖြစ်လာမည့် Trojan တစ်မျိုးကြောင့် ကမာ္ဘ့ကွန်ပျုတာ လောကအတွင်း PC နှင့် Laptop သန်းပေါင်း များစွာမှ Software များ ထိခိုက် ဆုံးရှုံးခဲ့ကြောင်း သိရှိ လာရပြီးနောက် IE အသုံးပြုသူများအတွက် Microsoft ဘက်မှ အရေးပေါ် Patch အသစ် ထုတ်ပေး ခဲ့သည့်တိုင် အခြေအနေ မှာ အဆိုးဘက် သို့ ဦးတည်နေကြောင်း Microsoft ဘက်မှ ၀န်ခံခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here