ဟောလီးဝုဒ် သတင်းတိုများ

alt

American Idol 

American Idol အနေနှင့် (၂၀၀၉)ခုနှစ် အစောပိုင်းတွင် လစ်ဟင်းမှု အနည်းငယ် ရှိနိုင်သော် လည်း အမေရိကန် ရုပ်မြင် သံကြား ထုတ်လွှင့်မှု အစီအစဉ်များ အနက် ဦးဆောင်ကဏ္ဍတွင်

ဆက်ရှိ နေဦးမည်ဟု ထုတ်ဝေသူ များက ပြောကြား ခဲ့သည်။ (၂၀၀၉)ခုနှစ် ရုပ်မြင်သံကြား အစီအစဉ် များတွင် နာမည်ကျော် Wild Card အစီအစဉ် လည်း ပြန်လည် ပါ၀င်လာဦးမည်ဟု သိရှိ ရသည်။

Twilight

နာမည်ကျော် Twilight ရုပ်ရှင်ဇာတ်ကားအနေနှင့် မထင်မှတ် လောက်အောင် အောင်မြင်မှု ရရှိ နေကြောင်း သိရှိရသည်။ လူငယ် သွေးစုတ်ဖုတ်ကောင် တစ်ဦးအား ဇာတ်အိမ်တည် ရိုက်ကူး ထားသည့် အဆိုပါ ရုပ်ရှင်သည် မြောက်အမေရိက  တွင် ထိပ်ဆုံးတန်းမှ ပေါက်နေသော ဇာတ်ကားဖြစ်လာသည်။ ထိုဇာတ်ကား သည် ပထမဆုံး ရုံတင်သော သီတင်းပါတ် မှာပင် ဒေါ်လာ(၆၉.၆) သန်းထိ ၀င်ငွေရရှိနေခဲ့သော်လည်း ဂျိမ်းစ်ဘွန်း ရုပ်ရှင်သစ် Quantum of Solaceကိုမူ မမီနိုင်သေးကြောင်း အမေရိကန်မင်းသား စတက်ဖနီမေယာ က ၀န်ခံခဲ့သည်။ ဂျိမ်းစ်ဘွန်းကား မှာ ရုံတင်ပြီး တစ်ပါတ်အတွင်း Twilight ရရှိသည့် ၀င်ငွေ၏ (၅) ဆ အထိ ရရှိခဲ့သည်။

SAG အား ဟောလီးဝုဒ်မှ သရုပ်ဆောင် (၁၃၀) ကျော်တို့က သပိတ်မှောက် 

အနုပညာ လောကအတွင်း ချုပ်ကိုင်မှုများ ပြုလုပ်နိုင်ရန် ကြိုးပမ်းနေသည်ဟုဆိုကာ SAG အား ဟောလီးဝုဒ်မှ သရုပ်ဆောင် (၁၃၀) ကျော်တို့က သပိတ်မှောက် ခဲ့ကြသည်။ ထိုအနုပညာရှင်များ အနက် အော်စကာဆုရှင် ဂျော့ဂျ်ကလူနီ၊ တွမ်ဟန့်ခ်နှင့် မော်ဂန်ဖရီးမန်း တို့ကဲ့သို့ ထိပ်ထိပ်ကြဲများ ပါ၀င် ခဲ့ကြသည်။ နယူးယော့ခ်အခြေစိုက် SAG အနေနှင့် ဟောလီးဝုဒ်မှ အဖွဲ့အစည်းများကို သိမ်းသွင်းစုရုံးရန် လုပ်ဆောင် နေမှုအား လက်မခံကြောင်း ဟောလီးဝုဒ် နာမည်ကျော်များ က အင်တာနက်မှ တဆင့် ကန့်ကွက်စာပို့ သပိတ်မှောက် ခဲ့ကြသည်။

မက်ဒေါနား ကွာရှင်း စရိတ်ပေး

မက်ဒေါနား အနေ နှင့် ခင်ပွန်းဖြစ်သူ ဂိုင်းရစ်ချီအား ဒေါ်လာ(၉၂) သန်းထိ ကွာရှင်းစရိတ် ပေးခဲ့ရကြောင်း သိရ သည်။ နိုဝင်ဘာလ (၂၁) ရက်နေ့က မက်ဒေါနား၏ ကွာရှင်းရန် ဗြိတိန် တရားရုံးသို့ ဦးတိုက် လျှောက်ထားမှုကို ရစ်ချီဘက်မှ အလွယ်တကူ လက်ခံ ပေးခဲ့သဖြင့် ယခုလို ကွာရှင်း စရိတ်ပေးရန် မက်ဒေါနားက သဘော တူညီခဲ့ခြင်းဖြစ်သည်။ အသက်(၅၀) ရှိပြီဖြစ်သော မက်ဒေါနား အနေ နှင့် မူလက ဒေါ်လာ (၇၆) သန်းသာ ဂိုင်းရစ်ချီ အား ပေးအပ် ခဲ့သော်လည်း နောက်ပိုင်း တွင် ဒေါ်လာ (၉၂) သန်းထိ တိုးပေး ခဲ့ကြောင်း သိရှိ ရသည်။

Dave Matthews ဂီတ အဖွဲ့  ဖျော်ဖြေပွဲ

Dave Matthews ဂီတ အဖွဲ့ သည် နွေဦးရာသီ ဖျော်ဖြေပွဲအဖြစ် နယူးယော့ခ်မြို့ မဒီဆန် ဥယျာဉ်တွင် ဖျော်ဖြေပွဲ တစ်ခုကို ဧပြီ (၁၄) တွင် ကျင်းပ မည်ဟု သိရှိ ရသည်။ ထိုနေ့သည် ၎င်းအဖွဲ့၏ အယ်လ်ဘမ် အသစ်များ တရားဝင် ရောင်းချမည့် နေ့ နှင့်လည်း တိုက်ဆိုင် နေမည် ဖြစ်သည်။ ယခု ဖျော်ဖြေပွဲ တွင် ၎င်းတို့၏ နာမည်ကျော် သီချင်းများဖြစ်သည့် Round and Rond၊ Cornbread၊ 27 နှင့် Falling Off the Roof တို့ကိုပါ ထည့်သွင်း ဖျော်ဖြေ မည်ဟု သိရှိ ရသည်။

Metallica အဖွဲ့ ၏ Guitar Hero ဂိမ်း

Metallica အဖွဲ့သည် နောက်ဆုံးထုတ် Guitar Hero ဂိမ်းအတွင်း အဆိုးရွားဆုံး rock’n’roll အဆင့်အဖြစ် သတ်မှတ်ခံ ထားရ ကြောင်း သိရှိရသည်။ အဆိုပါ ဂိမ်းသည် ဂီတမျိုးစုံ နှင့် တူရိယာမျိုးစုံ တို့အတွက် ခွဲခြား သတ်မှတ် ပေးထားပြီး Career Mode အလိုက် အထူးပြု ကစားနိုင်မည် ဖြစ်သည်။ ထိုဂိမ်း ကို နောက်နှစ် လယ်လောက် တွင် ဖြန့်ချီ နိုင်ကြောင်း သတင်းရရှိသည်။

ဟောလီးဝုဒ်၏ နာမည်ကြီး အန်သိုနီပယ်လီကာနို 

ဟောလီးဝုဒ်၏ တသီးတသန့် အနေ တတ်ဆုံး စတား 9 တစ်ဦး အဖြစ် နာမည်ကြီးသူ အန်သိုနီပယ်လီကာနို သည် ထောင်ဒါဏ် (၁၅) နှစ် ပြစ်ဒါဏ် ချမှတ်ခြင်း ခံလိုက် ရကြောင်း သိရှိ ရသည်။ ၎င်းသည် နာမည်ကျော် ဒုစရိုက်ဂိုဏ်း တစ်ခုနှင့် ခိုင်ခိုင်မာမာ ဆက်နွယ် နေကြောင်း တွေ့ရှိ ခဲ့ရသဖြင့် ယခုလို နှစ်ရှည် ထောင်ဒါဏ် ကျခံ ရခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here