ဖင်လန်လူဝင်မှု ဥပဒေများ ပြန်လည် ရေးဆွဲရန်လို

alt

ပြန် လည်နေရာ ချထားရေး ၀န်ကြီးဌာန အနေ နှင့် နိုင်ငံ ၏ လူဝင်မှု ဥပဒေ များကို ပြန်လည် စီစစ်သုံးသပ် ပြီး ပြင်ဆင်မှု များ ပြုလုပ် သွားဦး မည်ဟု ဖင်လန်၏ ပြန်လည် နေရာ ချထား ရေး ၀န်ကြီး ဖြစ်သူ အက်စထရစ်သောစ် က ပြောကြားခဲ့သည်။ ပါလီမန်သို့ တင်သွင်း ခဲ့သော ဥပဒေ မူကြမ်း ပယ်ချ ခံခဲ့ ရပြီးနောက် ပြုပြင် ရေးဆွဲ မှုများ လိုအပ် နေပြီဟု သောစ် ကဆို သည်။ ဖင်လန် ပါလီမန်က လူဝင်မှု ဥပဒေ သစ်မူကြမ်းကို ပြီးခဲ့သော သီတင်းပါတ် အတွင်းက ပယ်ချ ပစ်ခဲ့ သည်။

သောစ် ၏ အဆိုအရ ထူးထူးခြားခြား ပြုပြင်မှု မျိုးများ မပါ လာသည့်တိုင် ဝေဖန်မှုများ ကြံုရ သဖြင့် ဥပဒေကို ပြန်လည် သတ်မှတ်ရန် ရွေးချယ် ခဲ့ရကြောင်း သိရှိ ရသည်။ ဖင်လန်နိုင်ငံအတွင်း ခိုလှုံရောက်ရှိလာသည့် နိုင်ငံခြား သားများအတွက် ပြည်ဝင်ခွင့် ဆိုင်ရာ သတ်မှတ်ချက်များ ဖြည့်စွက်နိုင်ရေး ရည်ရွယ်ထားသော်လည်း ပါလီမန်က သဘော မတူသဖြင့် ပြန်လည်စီစစ် ညှိနှိုင်း ဦးမည်ဟု သောစ် က သတင်းထောက်များ အား ပြောကြား ခဲ့သည်။

သောစ်က ၎င်းအနေ နှင့် ဖင်လန် သို့ ရောက်ရှိလာသော နိုင်ငံခြားသားများ အတွက် ရပိုင်ခွင့်များ နှင့် စည်းမျဉ်း စည်းကမ်းများ ကို တိတိကျကျ သတ်မှတ် ထားလိုကြောင်း ဖြည့်စွက် ပြောဆို သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here