အမေရိကန်တွင် နှလုံးရောဂါဖြင့် သေဆုံးသူဦးရေ လျော့ကျလာ

alt

အ မေရိကန် နှင့် လေဖြတ် ခြင်း ကဲ့သို့ နှလုံး နှင့် ဆက်စပ်သော ရောဂါ များ ကြောင့် သေဆုံးရသူဦးရေမှာ (၁၉၉၉) ခုနှစ်မှ စာလျင် (၂၀၀၆) ခုနှစ်တွင် ရာခိုင်နှုန်း (၃၀) အထိ ကျဆင်း သွားကြောင်း အမေရိကန် နှလုံးရောဂါဌာနက သတင်း ထုတ်ပြန် ခဲ့သည်။ ထို့ပြင် ဌာန အနေ နှင့် (၂၀၁၀) ခုနှစ်တွင် (၂၀၀၆) ခုနှစ်ရှိ သေဆုံးမှု ပမာဏထက် နောက်ထပ် (၂၅) ရာခိုင်နှုန်း လျှော့ချ နိုင်ရေး ဖြစ်ကြောင်း ကြေငြာ ထားသည်။

ယခုကဲ့သို့ နှလုံးရောဂါကြောင့် သေနှုန်းသိသာစွာ လျော့နည်း လာခြင်း သည် ကောင်းမွန်သော ရလဒ်တစ်ခုဖြစ်သည်ဟု အမေရိကန် ဂါဖန် ဆေးကျောင်းမှ ဒေါက်တာဂရက် က ပြောကြား သွားသည်။ ခေတ်မီ ကုသနည်း များ နှင့် ဆေးဝါး အထောက်အပံ့ များ အရည်အသွေး တိုးတက် ကောင်းမွန် လာခြင်းသည် ယခုကဲ့သို့ သေနှုန်း ကျဆင်း လာခြင်း ၏ အဓိက အကြောင်းရင်း ဖြစ်ကြောင်း ၎င်းက ပြောကြား သွားသည်။

လက်ရှိ အချိန်တွင် နှလုံးရောဂါကြောင့် သေနှုန်း ကျဆင်း လာသည့်တိုင် အမေရိကန် တွင် အဆိုပါ ရောဂါသည် လူထု အတွက် သေနှုန်း အမြင့်ဆုံး ရောဂါတစ်ခုအဖြစ် ခြိမ်းခြောက် နေဆဲဖြစ် သည်ဟု သိရှိ ရသည်။ ယခု ရလဒ် အတွက် ၀မ်းသာ မိကြောင်း၊ သို့တိုင်အောင် နောက်ထပ် ခြေလှမ်းသစ် တစ်ရပ် အဖြစ် နှလုံး ရောဂါသည် များ နေထိုင်မှု ပုံစံကို စနစ်တကျ ဂရုပြုကြရန် နှိုးဆော်မှုများ ယခုထက် အားထည့် လုပ်ဆောင်ရန် လိုအပ် နေသေး ကြောင်း ဒေါက်တာဂရက် က ပြောကြား ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here