ဆီးကြိတ်ကင်ဆာကို ဓာတ်ရောင်ခြည်နှင့်ပါ တွဲဖက်ကုသသင့်

alt

ဓာတ် ရောင်ခြည် ကုသမှုများ ကို သမားရိုးကျ ဆေးဝါး ကုသမှုများ အတွင်း ထည့်သွင်း ဖြည့်စွက် ခြင်းဖြင့် ဆီးကျိတ် ကင်ဆာ ဝေဒနာရှင်များ အတွက် အကျိုး ရှိနိုင်မည်ဟု သိရှိ ရသည်။ ထိုကဲ့သို့ ဓာတ်ရောင်ခြည် ကုထုံးဖြင့် ဖြည့်စွက် ဆောင်ရွက်ခြင်းဖြင့် ဆီးကြိတ်ကင်ဆာဖြင့် သေဆုံးရမည့် လူနာအရေ အတွက်ကို ထက်ဝက်အထိ လျှော့ချနိုင်ကြောင်း ဆွီဒင် ဆရာဝန်များက အကြံပြု ခဲ့သည်။

ထို့ကြောင့် ထိုသို့ဆေးဝါးနှင့် ဓာတ်ရောင်ခြည် တွဲဖက် ကုသမှုကို ကမာ္ဘ နှင့်ချီပြီး ဆောင်ရွက် သင့်ကြောင်း ပညာရှင်များ က ဆွေးနွေး တင်ပြ သွားသည်။ ဆွီဒင် မှ ဆရာဝန်များ သည် ဆီးကြိတ် ကင်ဆာ ဝေဒနာရှင် (၈၀၀) ကျော်တို့၏ မှတ်တမ်းများ ကို စစ်ဆေးခဲ့ပြီး လွန်ခဲ့သော (၁၀) နှစ်အတွင်း ဆေးဝါးသီးသန့် ကုသခံခဲ့သူ လူနာ အရေအတွက် ၏ (၂၄) ရာခိုင်နှုန်း ထိ သေဆုံး ခဲ့သော်လည်း ဓာတ်ရောင်ခြည် ကုထုံးဖြင့် ကုသ ခံခဲ့သူဦးရေ (၁၂) ရာခိုင်နှုန်းသာ သေဆုံးကြောင်း ထောက်ပြသွားသည်။

အူမီအို တက္ကသိုလ်မှ ဒေါက်တာ အန်းဒရက်စ် ၀စ်မက်ခ်က ဓာတ်ရောင်ခြည် ကုသမှုသည် ဆီးကြိတ်ကင်ဆာအတွက် အမှန်တကယ် အကျိုးရှိကြောင်း ရှင်းပြခဲ့ပြီး ထို ကုထုံးမှ ဘေးထွက်ဆိုးကျိုးများ မရှိနိုင်ကြောင်း ပြောဆိုသွားသည်။ နည်းစနစ်ပိုင်း ပိုမိုအဆင့်မြင့်လာသော ဓာတ်ရောင်ခြည် ကုသမှု များကြောင့် လူနာများအတွက် ဆိုးကျိုး သက်ရောက်မှု လျော့နည်း သွားခြင်း ဖြစ်သည်ဟု ဒေါက်တာ ၀စ်မက်ခ် က ပြောကြား သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here