Apple က ထုတ်လိုက်တဲ့ Mac OS အသစ်

alt

A pple ကုမ္ပဏီသည် ၎င်းတို့ ၏ Mac Operation System Version အသစ်ကို စတင် ထုတ်ဝေ လိုက်ပြီ ဖြစ်သည်။ Leopard OS တွင် ပေါ်ပေါက် ခဲ့သော အားနည်းချက် များ အတွက် ဖြည့်စွက်မှု အသစ် (၃၆) ခုထိ ဖြည့်တင်း ပေးထား သော OS X 10.5.6 သည် Mac OS များအတွက် နောက်ဆုံး ထုတ် Version ဖြစ်လာ ပြီဟု သိရှိ ရသည်။ ယခင်က Leopard တွင် တွေ့ခဲ့ရသော Printing၊ Achieving စသည့် ပြဿနာ များကို ရှင်းလင်း ပေးထား ကြောင်း Apple က ကြေငြာသည်။ 

မူလ Version များတွင် Software များ Install လုပ်စဉ် Default ရွေးချယ်ပေးသည့် လမ်းကြောင်းများ အတွင်း လွဲချော်မှု များ ပေါ်ပေါက် ခြင်း ကိုပါ ပြင်ဆင် ထားကြောင်း Apple က ဆိုသည်။ ထို့အပြင် Mail ပေးပို့ခြင်း ဆိုင်ရာ အကြောင်း အရာများ တွင်ပါ Update များ ပြန်ထည့် ထားကြောင်း သိရသည်။

Game ကစားသူများ အတွက်လည်း ATI ကဲ့သို့ Graphic Card များနှင့် အဆင်ပြေ စေရန် ဆောင်ရွက် ပေးထားပြီး OS အတွင်း ရုပ်ထွက် ပိုမို ကောင်းမွန် စေရေး ဆောင်ရွက် ပေးထား သည်ဟု သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here