ညဘက်တွင် လူ၏ကိုယ်ခံအား ပိုကောင်းကြောင်းတွေ့ရှိ

alt

ည အချိန်တွင် နှစ်ခြိုက်စွာ အိပ်စက်ခြင်း သည် မကျန်းမာသော လူနာများ အတွက် ကောင်းမွန်သော ကုထုံး တစ်လက် ဖြစ်လာ သည်။ အဘယ်ကြောင့် ဆိုသော် သဘာဝ အလျောက် လူများတွင် ရှိနေ တတ်သည့် ရောဂါ ကာကွယ်ရေး စနစ်များမှာ ညအချိန် တွင် ပိုမိုအကျိုး သက်ရောက်မှု ရှိစေ တတ်သော ကြောင့် ဖြစ်သည်။ စတမ်းဖို့ဒ် တက္ကသိုလ် မှ သုတေသန ပညာရှင်များ က ညအချိန်တွင် ကျူးကျော် ၀င်ရောက် လာသည့် အဖျက်ပိုးများ အား ကိုယ်ခံ စွမ်းအား စနစ်များက ပိုမို ပြင်းထန်စွာ ချေမှုန်း နိုင်ကြောင်း ပထမဆုံး အကြိမ် ဖော်ထုတ် နိုင်ခဲ့ သည်။

အဆိုပါ ဖြစ်စဉ် အသေးစိတ်ကို ဆန်ဖရန်စစ္စ ကိုတွင် ကျင်းပသည့် အမေရိကန် ဆဲလ်ဇီဝဗေဒ ပညာ ဖြန့်ဝေမှု အစည်း အဝေး တွင် ဖော်ထုတ် တင်ပြ သွားသည်။ ယခု တွေ့ရှိမှုအရ ကိုယ်ခံ စနစ်သည် ည အချိန် တွင် ပိုမို အားကောင်းသလို နှစ်ခြိုက်စွာ အိပ်မောကျ နေစဉ်တွင် အကောင်းဆုံး အနေအထား ထိ ရှိနေ တတ်သည်ဟု ဖော်ထုတ် နိုင်ခဲ့ သည်။

သို့သော်လည်း ထို အခြေအနေ ကို လူမဟုတ်သည့် အခြားသော သက်ရှိများတွင် ဆက်စပ်တွေ့ရှိရခြင်းမရှိဟု ဆရာဝန်များ က အတည်ပြု ပြောကြား သွားသည်။ ယခု စမ်းသပ်မှု အတွင်း အမျိုးအစား များပြား စွာသော ဘက်တီးရီးယား များသို့ ကိုယ်ခံ စွမ်းရည်၏ တန်ပြန် သက်ရောက်မှု များ နေ့နှင့်ည ကာလများ အကြား မည်သို့ ခြားနား ကြောင်း အသေးစိတ် လေ့လာ ခဲ့ကြောင်း လည်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here