OS ၃ ခုကြားမှ ဗျာများမယ့် Microsoft

alt

M icrosoft အနေနှင့် ၎င်း၏နာမည်ကြီး Operation System ၃ ခု၏ အနေ အထားကို ထိန်းညှိ နိုင်မည်လား ဆိုသည်မှာ စိတ်ဝင် စားစရာ အခြေအနေ တစ်ရပ် ဖြစ်လာခဲ့သည်။ မကြာသေး မှီကမှ Windows 7 အတွက် Beta Version ကို ထုတ်ဝေ ထားပြီး လက်ရှိအသုံးများနေဆဲ Vista ကိုလည်း အားနည်း ချက်များ ပြုပြင် ဖယ်ရှား ပေးနေခြင်း ဖြင့် OS ဈေးကွက် အတွင်း ဦးဆောင် ကဏ္ဍတွင် ရပ်တည် နေမှုအား ဆက်လက် ချုပ်ကိုင် ထားဆဲဖြစ်သည်။

ထို့အပြင် ကမာ္ဘတလွှားရှိ Microsoft ဖောက်သည်များက ယခင်OSဟောင်းဖြစ်သော XP အပေါ် နှစ်သက်သဘောကျမှုဖြင့် Windows XP အား ဆက်လက်ထုတ်လုပ်ရေး တောင်းဆိုနေမှုများကြောင့် Microsoft အနေနှင့် OS (၃) ခုကြား ဗျာများ ရဖွယ်ရှိသည်။ Vista ကို အဆင့်မြှင့်တင်မှုများ ဆောင်ရွက်နေသည့်တိုင် XP အပေါ် လူအများနှစ်သက်မှု ကျဆင်းမသွားခြင်းသည် Microsoft ၏ စီမံကိန်းများအတွက် ဒွိဟဖြစ်လာစေမည့် အကြောင်းအရာ တစ်ခု ဖြစ်လာစေသည်။ လက်ရှိအချိန်တွင် Vista အသုံးပြုသူအချို့မှ XP သို့ Downgrade လုပ်ခွင့်ပြုရန် တောင်းဆိုနေမှုများပင် ရှိနေကြပြီး Microsoft အနေနှင့် အသစ်ထွက်ရှိမည့် Windows 7 သည် အသုံးပြုသူများ နှင့် ပိုမိုအဆင်ပြေစေရန် မျှော်လင့်ထားသည်။

Microsoft ၏အဆိုအရ နိုဝင်ဘာလမှစပြီး Vista မှာ အရောင်းတက်လာကာ XP၏ရောင်းချမှုနှုန်းသည် ပထမဆုံးအကြိမ်အဖြစ် (၁.၈၁) ရာခိုင်နှုန်း ကျဆင်းသွားကြောင်း သိရှိရသည်။ လက်ရှိအချိန်တွင် စတင်ဖြန့်ဖြူး ပေးထားသည့် Windows 7 Beta Version ကို စမ်းသပ်အသုံးပြု သူများမှာလည်း အကြိုက်တွေ့နေကြပြီး ယခုအခါတွင် Microsoftအနေနှင့် Windows 7၊ XP နှင့် Vista တို့အား ရောင်းချရေး စီမံကိန်းနှင့် အလုပ်ရှုပ်ရနိုင်ကြောင်း ဈေးကွက် သုတေသီများက ခန့်မှန်း ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here