ခေတ်မီ Network စနစ် စတင်တော့မယ့် မြောက်ကိုရီးယား

alt

မြောက် ကိုရီးယား နိုင်ငံအတွင်း မိုဘိုင်းလ် ကွန်ယက် အသစ် တပ်ဆင်ရေး အတွက် အီဂျစ် ထိပ်တန်း မိုဘိုင်းလ် ကွန်ယက် ချိတ်ဆက်ရေး ကုမ္ပဏီ ကြီးတစ်ခု က တာဝန်ယူ လိုက်ပြီ ဖြစ်သည်။ နောက်ဆုံးပေါ် မိုဘိုင်းလ် နည်းပညာများနှင့် ကမာ္ဘလုံး ဆိုင်ရာ ချိတ်ဆက်မှု များ၊ သီးသန့် လုံခြံုရေး စနစ်များ ကို ကမာ္ဘ ပေါ်တွင် အကြပ်တည်း ဆုံး ချုပ်ကိုင် အုပ်ချုပ် နေသည့် နိုင်ငံ တစ်နိုင်ငံ အနေ နှင့် ပထမဆုံး အကြိမ် ခွင့်ပြု လိုက်ခြင်း ဖြစ်သည်။

Orascom မိုဘိုင်းလ် ၀န်ဆောင်မှု ကုမ္ပဏီကြီးက မြောက် ကိုရီးယား နိုင်ငံအတွင်း ပြည်သူ(၂၂) သန်းကျော် သုံးစွဲကြမည့် Network စနစ်တစ်ခု ထူထောင်သွားမည်ဟု ကြေငြာ သွားသည်။ ယခု အစီအစဉ် သည် ကိုရီးယား ပြည်သူများ အတွက် ကောင်းမွန်သော သတင်း တစ်ရပ် ဖြစ်ကြောင်း လည်း ကုမ္ပဏီ ၏ ထုတ်ပြန် ချက်တွင် ထည့်သွင်း ဖော်ပြ ထားသည်။ သို့သော်လည်း အဆိုပါ ကွန်ယက် စနစ်တစ်ခု လုံးကို မည်သို့ ထိန်းသိမ်း ထားမည်ဆို သည်ကို ရှင်းလင်းစွာ မသိရ သေးပေ။

မြောက် ကိုရီးယား မှာ နျူကလီးယား နှင့် လက်နက်ဆန်းများ အတွက်သာ အာရုံစိုက် လေ့ရှိပြီး ပြည်တွင်းမှ ပြည်သူများ ၏ အကြပ်အတည်း ကို မျက်ကွယ် ပြုလေ့ရှိသော နိုင်ငံ တစ်ခု ဖြစ်သောကြောင့် အဆိုပါ Network စနစ် ထူထောင်ခြင်း၏ ရည်ရွယ်ချက် ကို အသေအချာ နားမလည် နိုင်ကြပေ။ မူလက 3GNetwork စနစ်တစ်ခု ထူထောင်ထားပြီး လက်ရှိ မြောက် ကိုရီးယားလူဦးရေ (၂) သန်းမျှ သုံးစွဲ နေကြသည်။ ပြံုယမ်းအစိုးရကမူ ယခ Network တိုးချဲ့ရေး စီမံကိန်းမှာ နိုင်ငံတော်အတွင်း ဆက်သွယ်ရေး နည်းပညာ တိုးတက် ကောင်းမွန် စေရန်သာ ဖြစ်သည်ဟု အကြောင်းပြ ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here