နာဂစ်ပြန်လည်ထူထောင်ရေး အကူအညီများ လိုအပ်နေဆဲ

alt

မြန် မာနိုင်ငံ အတွင်း နာဂစ် မုန်တိုင်းကြီးဒါဏ် ခံစား ခဲ့ရသည့် ဒေသ များ အတွင်း ရှိ လေဘေးသင့် ပြည်သူ အများအပြား တို့သည် အရေးပေါ် အကူအညီများ လိုအပ် နေဆဲဖြစ်ပြီး စိတ်ပိုင်း၊ ရုပ်ပိုင်း ဆိုင်ရာ ပုံမှန် အခြေအနေ သို့ ပြန်လည် ကုစား နိုင်ရေးတွင် အဟန့် အတား များ ရှိနေ ဆဲဖြစ်သည်။ နိုင်ငံတကာ မှ လူသားချင်း စာနာမှု အထောက် အပံ့များ ပေးပို့ နေဆဲ ဖြစ်သည့် တိုင်အောင် မြန်မာ စစ် အစိုးရ ၏ ဖွဲ့စည်းမှု နှင့် အစီ အစဉ် ရေးဆွဲမှု အားနည်းချက်များ ကြောင့် ပြည်သူများ အတွက် ထိရောက်သော ပ့ံပိုးမှု များ ဖော်ဆောင် နိုင်ခြင်း မရှိခဲ့ပေ။

NGO အဖွဲ့များသည် နာဂစ်ဒါဏ်ခံ ဒေသများ သို့ လှည့်လည်ပြီး ကောက်ယူ ရရှိသော စစ်တမ်း အစီရင်ခံချက်များ အရ မေလ အတွင်း ဖြစ်ပွား ခဲ့သည့် မုန်တိုင်းကြီး နောက်ပိုင်း ယခုချိန်ထိ နာလံမထူ နိုင်သေးသော ကျေးရွာ ပေါင်းများစွာ ဧရာဝတီ မြစ်ဝကျွန်း ပေါ် ဒေသများ အတွင်း တွေ့ရှိ နေရ ဆဲဟု သိရှိ နိုင်ခဲ့သည်။ လက်ရှိ အခြေအနေ တွင် မုန်တိုင်း ဒါဏ်ခံ မြို့များအနေနှင့် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိလာသော်လည်း ကျေးရွာ အဆင့်ထိ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက် နေသည့် NGO များအတွက်မူ အဟန့် အတား များစွာ ကြံုနေ ရဆဲပင်။

ခရီးလမ်းပန်း ခက်ခဲမှု နှင့် စစ် အစိုးရ ၏ အင်တိုက် အားတိုက် မပါ၀င်မှု၊ မလိုအပ်ဘဲ စစ်ဆေးမှုများ ပြုလုပ် နေသည့် အတွက် ကြန့်ကြာ နေမှုများ သည် NGO များ အတွက် အဓိက ရင်ဆိုင် နေရသော စိန်ခေါ်မှုများ ဖြစ်လာနေပြီး ဒုက္ခသည် များအပေါ် စောင့်ရှောက်မှုများ ပြုလုပ် သွားနိုင်ရန် ပိုမို ခက်ခဲ လာစေသည်။ ကိုယ်တိုင် ကိုယ်ကျ ကွင်းဆင်း ဆောင်ရွက် နေသည့် NGO အဖွဲ့များ ၏ အဆိုအရ ဧရာဝတီ တိုင်းအတွင်း အရေးပေါ် ထောက်ပံ့မှုများ လိုအပ် နေဆဲ လေဘေး သင့်ပြည်သူ ထောင်ပေါင်း များစွာ ကျန်ရှိ နေဆဲ ဖြစ်ကြောင်း သိရှိ ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here