မာဘိုရို လိုက့်ခ် ဆေးလိပ် အမှန်တကယ် ကျန်းမာရေး ညီညွတ်အောင် မပြုပြင်ထား

alt

က မာ္ဘကျော် နာမည်ကြီး မာဘိုရို ဆေးလိပ် ကုမ္မဏီ သည် ပေါ့ပါးသော “ light ” အမှတ် တံဆိပ်ဖြင့် ထုတ်လုပ်သော ဆေးလိပ်မှာ အမှန်တကယ် နီကိုတင်း ဆေး ကတ္တရာ လျော့ပါး အောင် ထုတ်လုပ် ခဲ့ခြင်း မရှိဟု တရား စွဲဆိုခြင်း ခံရ၍ အငြင်းပွား နေရာ၊ အမေရိကန် ဗဟို တရားရုံးမှ ၎င်းနှင့် ပါတ်သက်သော စွတ်စွဲ ထားသည့် ဒါဇင်မျှ ပြစ်မှုမြောက်သည့် လိမ်လည်မှု အတွက် ဆုံးဖြတ်ချက် ၄/၅ ခုအား ယနေ့ တနင်္လာနေ့တွင် ရုံးတော်တွင် ဆုံးဖြတ်ခဲ့ရာ ဤဖြစ်ရပ် အတွက် အငြင်းပွား နေသော ရပိုင်ခွင့် ရှိသူတို့ ဒေါ်လာ ဘီလျံ နှင့်ချီ ဆုံးရှုံး နစ်နာခဲ့ ရသည်ဟု ကြေညာ လိုက် သည်။

၎င်းအမှုမှာ အမေရိကန်နိုင်ငံ အရှေ့မြောက် ပြည်နယ် တခုဖြစ်သော မိန်းပြည်နယ် မှ ဆေးလိပ် သောက်သုံးသူ ၃ဦးမှ ၎င်းတို့ အရှေ့ ဖျားပိုင်းအား ဆေးလိပ်ဖြန့်ဖြူးသော နယူးယောက် အခြေစိုက် ဩထရီယာ ဆေးလိပ်ဖြန့်ဖြူးသော ကုမ္မဏီအား တရားစွဲဆိုရာတွင် မာဘိုရို စီးကရက် ၏ ကျောထောက် နောက်ခံ ဖြစ်သော ဖီးလစ်မောရစ် ကုမ္မဏီကြီး ယခုလို တိုက်ရိုက် ပါဝင် ပါတ်သက် တရား စွဲဆို ခံရခြင်း ဖြစ်သည်။

များစွာသော ဆေးလိပ်သောက်သုံး သူတို့မှာ “low-tar,” “mild,” or “light” စသော အမှတ် တံဆိပ်များ အား ပုံမှန် ဆေးလိပ်များ ထက် ဈေးပို ပေး၍ ဝယ်ယူ သောက်သုံး သော်လည်း၊ လိုက်ခ် အမှတ် တံဆိပ် ဆေးလိပ်များ မှာ သောက်သုံး ရှုရှိုက် လိုက်သည့် အချိန်တွင် လည်ချောင်း အစာပြွန်များ တွင် အခြားပုံမှန် ဆေးလိပ်များ ထက် ညင်သာ ပေါ့ပါးသော အရသာ ခံစား ရသော်လည်း အမှန်တကယ် မှာ သောက်သုံးသူ များ ထင်ထား သည့် ကျန်းမာရေး အား( နီကိုတင်း ) ထင်ထားသလို လျော့ပါး အောင် စွမ်းဆောင် နိုင်ခဲ့ခြင်း အလျဉ်း မရှိပေ၊ ထိုသို့ ကျန်းမာရေး မထိခိုက် အောင် ပြုစေချင်လျှင် ဆေးလိပ်အား လုံးဝ အကြွင်းမဲ့ ဖြတ်တောက်မှ ရမည် ဖြစ်သည် ဟု အမေရိကန် ဆေး သုတေသနမှ ထပ်လောင်း ပြောကြား လိုက်သည်။

ဆက်လက် ၍ ပြောကြား ရာတွင် ထိုလိုက်ခ် ဆေးလိပ်များ အား အခြားသော ပုံမှန် ဆေးလိပ် အရသာများနှင့် ကွာခြားအောင် ဆေးလိပ်၏ အစီခံတွင် အလွန် သေးငယ်သော လေဝင ်ပေါက်များ ဖေါက်ထားပြီး သောက်သုံးသူ၏ တံတွေးရည်များဖြင့် ရောနှော ကာ စုတ်ယူ လိုက်သော အချိန်တွင် အတို မြန်ခြင်း၊ မီးခိုးငွေ့ များများ စုတ်ယူ အား ရှိခြင်း တို့ကြောင့် အရသာ အတု အဖြစ် ပြောင်းလဲ သွားခြင်း သာ ဖြစ်ကြောင်း ထောက်ပြ ပြောဆိုသည်။

ပြစ်မှု များအား ယနေ့တွင် ဗဟို တရားရုံးချုပ် ၌ အကျိုး သက်ရောက် စေပြီး အမေရိကန် ဗဟို စိုးရ ကုန်သွယ်မှု ကော်မရှင် ပေါ်လစီများ အရ ပြစ်မှု ထင်ရှားလျှင် တရားစွဲ ဆိုသူများအား ဆုံးရှုံး နစ်နာမှု ကြေးများ ပိုမို ပေး ဆောင်ရ မည် ဖြစ်သည်။

နီနီဇော် (လူထု အသံ)

LEAVE A REPLY

Please enter your comment!
Please enter your name here