အစ္စရေးက ပါလက်စတိုင်း အကျဉ်းသား တွေကို လွှတ်ပေး

alt

အ စ္စရေးနိုင်ငံ သည် ပါလက်စတိုင်း အကျဉ်းသား (၂၂၄) ဦးကို ဖမ်းဆီး ထားရာ အကျဉ်းထောင်များ မှ ပြန်လည် လွှတ်ပေးလိုက်ကြောင်း သိရှိရသည်။ အများစု ကို ဒီဇင်ဘာလ (၁၅) ရက်နေ့က လွှတ်ပေး ခဲ့ခြင်းဖြစ်ပြီး ၎င်း အကျဉ်းသားများ မှာ ပါလက်စတိုင်း ခေါင်းဆောင် မိုဟာမက် အဘက်စ်ကို ထောက်ခံ ကြသူများ ဖြစ်သည်။ ယခုကဲ့သို့ အကျဉ်းသားများ လွှတ်ပေးမှု သည် အဘက်စ် နှင့် တဲလ်အဗစ် အစိုးရကြား ငြိမ်းချမ်းရေး လမ်းစကို ဖော်ထုတ် လာနိုင်ခြင်း ဖြစ်ကြောင်း နိုင်ငံရေး အကဲခတ်များ က ပြောကြား ခဲ့သည်။

လွတ်မြောက် လာသူများသည် အဘက်စ် ဆင်နွှဲမည့် ဖာတာ ပွဲတော်သို့ သွားရောက် ပူးပေါင်း ကြမည် ဖြစ်သည်။ အဘက်စ် ကမူ ၎င်းအနေ နှင့် အစ္စရေး အကျဉ်းထောင်များ အတွင်း ဆက်လက် အကျဉ်းကျ နေဆဲဖြစ်သည့် ပါလက်စတိုင်း အကျဉ်းသား (၁၁၀၀၀) ကျော်တို့ မလွတ်မြောက် သေးမမျှ စိတ်မအေး နိုင်သေးကြောင်း ပြောကြား ခဲ့သည်။ လွတ်မြောက် လာသူများမှ အချို့ တို့သည် ဂါဇာ ဒေသ သို့ ဦးတည် ထွက်ခွာ သွားသည် ဟုလည်း အချို့ ကဆို သည်။

ပါလက်စတိုင်း မှ ဒေသခံ တစ်ဦးက ယခုအခါ ညီအစ်ကိုတော်များ ပြန်လည် လွတ်မြောက် လာကြပြီ ဖြစ်ကြောင်း၊ သို့သော် လည်း တစ်ယောက် လွတ်ပြီး အခြား တစ်ယောက်က ဂျုး အကျဉ်းထောင် ထဲ ရောက် မသွားနိုင်ရေး အတွက် အလ္လာအရှင်မြတ် စောင့်ရှောက်မည် ဟု မျှော်လင့်မိကြောင်း ပြောကြား ခဲ့သည်။ အဘက်စ် နှင့် ပါလက်စတိုင်း အစိုးရ ကမူ ဟားမက်စ် တို့ အပါအဝင် အခြားသော ပါလက်စတိုင်း အကျဉ်းသားများ ပြန်လည် လွတ်မြောက်ရေး အတွက် ဆက်လက် ဆောင်ရွက် ဦးမည်ဟု သတင်းထုတ် ပြန်ထား သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here