iPhone အတွက် Application တစ်မျိုး Microsoft ထုတ်ဝေ

alt

M icrosoft ကော်ပိုရေးရှင်းသည် ၎င်း၏ ပထမဆုံးသော iPhone ဆိုင်ရာ Application ကို စတင်ထုတ်လုပ်ခဲ့ကြောင်း သိရှိ ရသည်။ Slick Photo Viewer တစ်ခုဖြစ်သော အဆိုပါ Application သည် iPhone အတွင်း အရေအတွက် များပြားစွာဖြင့် ပြန့်ကြဲ တည်ရှိ နေသော ဓာတ်ပုံများကို စိတ်ကြိုက် ထိန်းချုပ် စီမံခွင့် ရရှိစေရန် ရည်ရွယ် ထားသည်။

OS များထုတ်လုပ် ရာတွင် Windows နှင့် Apple တို့ အပြိုင်ဖြစ်နေကြပြီးနောက် Apple ၏ နာမည်ကျော် ထုတ်ကုန် ဖြစ်သော iPhone အတွက် Microsoft မှ Application ထုတ်လုပ်မှုမျိုး ဆောင်ရွက်ခဲ့ခြင်း မရှိခဲ့ပေ။ ယခုအခါတါင် Seadragon ဟု အမည်ပေးထားသည့် ထို Application ကို Apple ၏ Application စတိုးများမှ အခမဲ့ ရယူနိုင် တော့မည်ဖြစ်သည်။

Microsoft က ၎င်းတို့အနေနှင့် ထို Application ကို ထုတ်ဝေခဲ့သော အဓိက ရည်ရွယ်ချက် မှာ မိုဘိုင်းလ်ဖုန်း အသုံးပြုသူများ အနေနှင့် ဖုန်းအတွင်း ဓာတ်ပုံများအား ချိန်ညှိမှုများ အလွယ်တကူ ပြုလုပ် နိုင်စေရန်ဖြစ်သည်ဟု ပြောကြား သွားသည်။ Microsoft က ၎င်းတို့ထုတ်လုပ်သည့် Seadragon သည် iPhone သာမက ၎င်းတို့ ထုတ်လုပ် ထားသည့် Windows Mobile အပါအဝင် အခြားသော ဖုန်းများ တွင်ပါ အသုံးပြု နိုင်မည် ဟု ကြေငြာ ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here