အင်တာနက်မရှိလျင် အမေရိကန်တွေ မနေတတ်

alt

I ntel အနေနှင့် Harris Interactive ၏ အကူအညီ ကို ရယူကာ အမေရိကန် တဝှမ်း စစ်တမ်း ကောက်ယူမှု များ ပြုလုပ် ခဲ့ရာတွင် အမေရိကန် ၏ စီးပွားရေး အတွက် အင်တာနက် သည် အလွန် အရေးပါ သော အထောက် အကူ အဖြစ် လူတိုင်း လိုလိုက ယုံကြည် လက်ခံ ထားကြောင်း တွေ့ရှိ ခဲ့ရ သည်။ “ယ နေ့ စီးပွားရေး အတွက် အင်တာနက် မရှိလျင် မဖြစ်” ဟူသော ခံယူချက်ကို လူတိုင်း နီးပါး လက်ဆုပ် လက်ကိုင် ပြုထား ကြောင်း Intel က ဆို သည်။

အရေးပါသော တွေ့ရှိမှုတစ်ခုတွင် ဖော်ပြ ထားချက်အရ အခြားသော ဖျော်ဖြေရေး ၀န်ဆောင်မှု များဖြစ်သည့် ရုပ်မြင်သံကြား၊ လက်တွဲဖော် ရှာဖွေပေးရေးနှင့် Shopping ထွက်ခြင်း စသည်တို့ထက် အင်တာနက်အပေါ် ပိုမိုခုံမင် စွဲလန်းလာခဲ့ကြောင်း သိရှိရသည်။ စစ်တမ်းတွင် ဖော်ပြထားမှုအရ အရွယ်ရောက်သူ အားလုံး၏ (၆၅) ရာခိုင်နှုန်းမှာ အင်တာနက်မရှိဘဲ အသက်မရှင် ချင်လောက်အောင် ဖြစ်နေ ရမတတ် ခံစားမိကြောင်း ပြောဆိုခဲ့ပြီး (၇၁) ရာခိုင်နှုန်းမှာ အင်တာနက် သည် အလွန့်အလွန် အရေးပါ သော အရာတစ်ခု အဖြစ် ခံယူ ထားကြောင်း ထင်မြင်ချက် ပေးသွားကြသည်။

Intel ၏ အဆိုအရ အမေရိကန်ရှိ လူအတော်များများသည် Laptop၊ Netbook နှင့် အခြားသော မိုဘိုင်းလ် အင်တာနက် ကိရိယာများ ကို ပိုင်ဆိုင်ထားကြပြီး ထိုအရာများသည် ၎င်းတို့အတွက် အကြားအမြင် ဗဟုသုတများကို အချိန်နှင့်တပြေးညီ ပံ့ပိုးနေသည်ဟု ခံယူထားကြကြောင်း သိရှိရသည်။ Intel သည် Harris Interactive ၏ ထောက်ပံ့မှုဖြင့် အရွယ်ရောက်ပြီး အမေရိကန်နိုင်ငံသား (၂၁၁၉) ဦးအား မေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး ယခုစစ်တမ်းကို အတည်ပြုထုတ်ပြန်ခဲ့ကြောင်း ကြေငြာသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here