မွမ်ဘိုင်းသေနတ်သမား စတင်ဝန်ခံပြီ

alt

မွမ် ဘိုင်းတိုက်ခိုက်မှု ကြီးအတွင်း တစ်ဦးတည်း အသက်ရှင် ကျန်ရစ် နေသော သေနတ်သမား က ၎င်းတို့၏ တိုက်ခိုက် အကြမ်းဖက် ရေး အစီအစဉ် များ အား ထုတ်ဖော် ၀န်ခံခဲ့ ကြောင်း အိန္ဒိယ ရဲတပ်ဖွဲ့ က ကြေငြာ ခဲ့သည်။ မိုဟာမက် အက်ဂျ်မာကာဆက်ဘ် နှင့် ၎င်း၏အ ပေါင်းပါများ သည် မွမ်ဘိုင်း၏ အဓိက ဘူတာရုံကြီးတွင် ဒါဇင်ပေါင်း များစွာသော ဓားစာခံ များကို ချုပ်နှောင်ထားပြီး သတင်း မီဒီယာများ ၏ အာရုံစိုက်မှု ကို ရယူရန် ကြံစည် ထားကြောင်း ပြောဆို ခဲ့သည်။

လက်ရှိအချိန် တွင် မွမ်ဘိုင်း တိုက်ခိုက်မှုကြောင့် အိန္ဒိယ နှင့် ပါကစ္စတန် နှစ်နိုင်ငံ အကြား တင်းမာမှုများ ပေါ်ပေါက် လျက်ရှိပြီး ဖမ်းဆီး ရမိသူ သေနတ်သမား ၏ ထွက်ဆိုချက်မှာ အလွန် အရေး ပါသော အခြေအနေ တွင် ရှိ နေသည်။ မွမ်ဘိုင်း တိုက်ခိုက်မှုကြီး အတွင်း အပြစ်မဲ့ အရပ်သား (၁၆၄) ဦး နှင့် သေနတ်သမား (၁၀) ဦးအနက်မှ (၉) ဦးတို့ သေဆုံး ခဲ့ရသည်။

လက်ရှိ အချိန်တွင် သေနတ် သမား၏ ထွက်ဆိုချက် အသေးစိတ်ကို ထုတ်ဖော် ပြောဆိုခြင်း မရှိသေးဘဲ စစ်ဆေးမှုများ ဆက်လက် ပြုလုပ် သွားဦးမည်ဟု အိန္ဒိယနိုင်ငံ၊ ထောက်လှမ်းရေး ဌာနက သတင်း ထုတ်ပြန် ထား  သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here