ဂရိတွင် အခြေအနေ ပြန်လည် အေးချမ်း

alt

ရှစ် ရက်ကြာ နိုင်ငံတဝှမ်း ဆူပူမှုများ အပြီး အေသင် နိုင်ငံမှ စတင်ခဲ့သော ဂရိ အဓိကရုဏ်းများ ပြီးဆုံး ခဲ့ပြီဖြစ်သည်။ ရဲများက ဆယ်ကျော်သက် တစ်ဦးအား ပစ်ခတ် သတ်ဖြတ်ခဲ့အပြီး နိုင်ငံတဝှမ်း မြို့ကြီး များ အတွင်း ဆူပူမှုများ ပေါ်ပေါက် ခဲ့ရာမှ ရဲနှင့် ပြည်သူများ ကြား မပြေ လည်မှု များ ဖြစ်ပွား ခဲ့ကြသည်။ လမ်း ပိတ်ဆို့မှုများ အပါအဝင် အဓိက ရုဏ်း များ အားလုံး အပြီးသတ် ရှင်းလင်း ပြီး ဖြစ်ကြောင်း အစိုးရက ကြေငြာ ခဲ့သည်။

သို့သော်လည်း လူငယ်အချို့ တို့မှာ သေဆုံးခဲ့သော ဆယ်ကျော် သက်လေး အတွက် ဆန္ဒပြမှု များ ဆက်လက် ပြုလုပ် နေဆဲ ဖြစ်သလို ဖြစ်ပျက် ခဲ့သမျှ အခြေအနေ များကြောင့် ဂရိအစိုးရ အနေ နှင့် လူထု ထောက်ခံမှု လျော့နည်းခဲ့ပြီး နိုင်ငံစီးပွားရေးမှာလည်း ထိခိုက် ခဲ့ရသည်။ ဒီဇင်ဘာလ (၁၄) ရက်နေ့မှစပြီး အခြေအနေ မှာ စတင် အေးချမ်းလာနေပြီး လမ်းများပေါ်တွင် ပုံမှန်အခြေအနေသို့ အသွားအလာမပျက် ပြန်ဖြစ်လာသည်ကို တွေ့မြင် ရကြောင်း ဂရိ သတင်းစာများ တွင် ရေးသား ထားကြ သည်။

အသက်(၁၅) နှစ်အရွယ် အလက်ဆန်ဒရို ဂရီဂေါ့ပိုးလက်စ် သေဆုံးမှု၏ နောက်ဆက်တွဲ အဓိကရုဏ်းများအတွင်း အနည်းဆုံး နောက်ထပ်လူ(၇၀) မျှ ဒါဏ်ရာရရှိခဲ့ကြောင်း ဂရိနိုင်ငံ ရဲတပ်ဖွဲ့က ကြေငြာ ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here