အိုင်ယာလန်တွင် ကမာ္ဘ့ပထမဆုံး eco-computer ထုတ်

alt

က မာ္ဘ့ပထမဆုံး eco-couputer ကို အိုင်ယာလန် နိုင်ငံ က ထုတ်လုပ် ပေးလိုက် သည်။ စွန့်ပစ် ပစ္စည်းများ ကိုသာ အသုံးပြု ထားသည့် အဆိုပါ eco-computer အား iameco ဟု အမည် ပေးထား ကြောင်း သိရှိ ရသည်။ ဒဗ္ဗလင်မြို့မှ MicroPro ကွန်ပျူတာ ကုမ္ပဏီ က အိုင်ယာလန် နိုင်ငံ သိပ္ပံနှင့် နည်းပညာဝန်ကြီး ဂျင်မီဒက်ဗင်စ် အား အဆိုပါ ကွန်ပျူတာ ကို ပြသ ခဲ့သည်။

သစ်သား၊ ချည်ခင်စသည့် သဘာဝ ထွက်ကုန်များ နှင့် စွန့်ပစ် ပစ္စည်းများ အား အသုံးပြု ဖွဲ့စည်းထားသော iameco သည် အနာဂါတ် ကာလ ဂေဟစနစ် ထိန်းသိမ်းရေး လုပ်ငန်းစဉ်များ အတွက် အကောင်းဆုံး ဖန်တီးမှုတစ်ခု ဖြစ်လာဖွယ် ရှိနေသည်။

ယခုတီထွင်မှုအား ၀န်ကြီး ကိုယ်တိုင်က သဘောကျ ချီးကျူး ခဲ့သလို အိုင်ယာလန် နိုင်ငံအနေနှင့် သဘာဝဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ စက်မှုထုတ်ကုန်များ ဖော်ထုတ် နိုင်ရေးအတွက် အထင်ကရ လုပ်ဆောင်မှုတစ်ခုအား ပြသနိုင်ခဲ့ကြောင်း ပြောဆိုသွားသည်။ MicroPro က ကုမ္ပဏီအနေနှင့် သဘာဝဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းမှု ထုတ်ကုန်များ ထုတ်လုပ် နိုင်ရေး ဆက်လက် ဦးစား ပေးသွားမည်ဟု ထုတ်ဖော် ပြောဆို သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here