ကာဘိုဟိုက်ဒရိတ် လျှော့ထားသော အစားအစာများကြောင့် မှတ်ဉာဏ်အားနည်းနိုင်

alt

ကာ ဘိုဟိုက်ဒရိတ် လျှော့ထားသော low-carb အစား အသောက် များ စားသုံးခြင်း သည် မှတ်ဉာဏ် စွမ်းရည် ကို လျော့ကျ စေကြောင်း သုတေသန စစ်တမ်း တစ်ခုတွင် ဖော်ပြ ထားသည်။ အမေရိကန် ပြည်ထောင်စု၊ မတ်ဆာချူးဆက် မှ တက်ဖ် တက္ကသိုလ်မှ ပါမောက္ခဖြစ်သူ ဟော်လီတေလာ က ၎င်းတို့ အနေနှင့် အသက် (၂၂) နှစ်မှ (၅၅) နှစ်ကြား အမျိုးသမီး (၁၉) ဦးကို စမ်းသပ် ခဲ့ပြီး ယခု ရလဒ်အား ကြေငြာ ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ဖော် ပြောဆို သွားသည်။

ယခု သုတေသန လုပ်ငန်းသည် ကာဘိုဟိုက်ဒရိတ် လျှော့ထားမှုအတွက် လူတစ်ဦး၏ ကျန်းမာရေး အပေါ် တုန့်ပြန် သက်ရောက်မှု အား လေ့လာလိုသဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာတေလာ က ဆိုသည်။ အမျိုးသမီးများ ကို နှစ်စုခွဲ လိုက်ကြောင်း၊ တစ်စုကို low-carb အစားအစာများ စားသောက်စေပြီး ကျန်တစ်စုကိုမူ ကျန်တစ်စု ကိုမူ သင့်တော် မျှတသော အစားအသောက်များ ကျွေးမွေး ခဲ့ကြောင်း ဒေါက်တာ တေလာ ကဆိုသည်။

ထို့နောက် သီတင်း တစ်ပါတ် အတွင်း မှာပင် low-carb နှင့် စမ်းသပ်ခဲ့သည့် အမျိုးသမီးများ တွင် ဦးနှောက် စွမ်းရည် သိသာစွာ ကျဆင်း လာသည်ကို မြင်တွေ့ ခဲ့ရကြောင်း ဒေါက်တာတေလာက ပြောကြား သွားသည်။ ထိုစမ်းသပ် မှု အတွင်း ကာလတို၊ ကာလရှည်မှတ်ဉာဏ်များသာမက ဦးနှောက် စွမ်းဆောင် ရည်ကိုပါ ထည့်သွင်း တွက်ချက် ခဲ့ကြောင်း ဆရာဝန်များက ပြောဆိုခဲ့ပြီး နောက်တစ်ကြိမ် စမ်းသပ်မှုတွင်လည်း တူညီသော ရလဒ်ကို သာ ပြန်လည် တွေ့ရှိခဲ့ကြောင်း သိရှိရသည်။ ထို့ကြောင့် ကာဘိုဟိုက်ဒရိတ်လျှော့ထားသော low-carb အစားအသောက်များ စားသောက်ခြင်း ဖြင့် မှတ်ဉာဏ် လျော့နည်းမှုဆီ ဦးတည် နိုင်ကြောင်း ဆရာဝန်များ က သတိ ပေးထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here