တရုတ်နှင့်ထိုင်ဝမ် တိုက်ရိုက်လေယာဉ်ခရီးစဉ် စတင်ပြေးဆွဲ

alt

တ ရုတ် နှင့် ထိုင်ဝမ်ကြား တိုက်ရိုက် လေကြောင်း ပြေးဆွဲမှု များ စတင် လိုက်ခြင်း ဖြင့် နှစ်နိုင်ငံ ချစ်ကြည်ရေး အတွက် ကောင်းမွန်သော ဆောင်ရွက်ချက် တစ်ခု ဖြစ်လာ နိုင်ဖွယ် ရှိသည်။ ဒီဇင်ဘာလ လယ်မှစပြီး ထိုင်ဝမ်မှ လေကြောင်း လိုင်းများ သည် တရုတ်နိုင်ငံသို့ နှစ်(၆၀) ကျော်အတွင်း တိုက်ရိုက် ပျံသန်းမှု စတင် လာခဲ့သည်။ ထို့ကြောင့်လည်း ဆက်ဆံရေး ဆိုးရွား တင်းမာ နေသည့် တရုတ် နှင့် ထိုင်ဝမ် ကြား ငြိမ်းချမ်းရေး အလင်းရောင် လေးသဖွယ် ဖြစ်လာ ခဲ့ကြောင်း ထိုင်ဝမ် အစိုးရ က ပြောကြား ခဲ့သည်။

ကျွန်းနိုင်ငံလေး ထိုင်ဝမ် သည် လွတ်လပ်ရေး ရပြီးနောက် တရုတ် ပြည်မကြီး နှင့် ပူးပေါင်းရန် ငြင်းဆန် ခဲ့ရာမှ နှစ်နိုင်ငံ ကြား ကာလရှည် ကြာစွာ တင်းမာ နေခဲ့ကြ ခြင်း ဖြစ်သည်။ Trans Asia လေကြောင်း လိုင်းသည် ထိုင်ဝမ် ကမာ္ဘလှည့် ခရီးသည် (၁၄၈) ဦးနှင့် စီးပွားရေး လုပ်ငန်းရှင် များကို တင်ဆောင်ကာ မိုင်တစ်ရာကျော်မျှ ကွာဝေး သည့် ရှန်ဟိုင်း သို့ မိနစ်(၈၀) ကြာ ပျံသန်း ခဲ့သည်။

တရုတ် နှင့် ထိုင်ဝမ် တို့သည် နှစ် (၆၀) သက်တမ်း အတွင်း အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွား ခဲ့သလို သီးခြားဆီ ရပ်တည် နေခဲ့ကြ သော်လည်း ယခုကဲ့သို့ နှစ်နိုင်ငံ တိုက်ရိုက် လေယာဉ် ခရီးစဉ် ပြေးဆွဲခွင့် ပြုလာခဲ့ ခြင်းကြောင့် ဆက်ဆံရေး ကဏ္ဍ အတွက် မှတ်တိုင်သစ် တစ်ခုသဖွယ် မျှော်လင့် လာနိုင် ခဲ့ကြောင်း သိရှိ ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here