Chrome သည် ခရစ်စမတ်လက်ဆောင်ဟု Google ညွှန်းဆို

alt

G oogleက ၎င်းတို့၏ Browser ဖြစ်သော Chrome အသုံးပြု သူများ အတွက် ခရစ်စမတ် လက်ဆောင်အဖြစ် Chrome အား ဖန်တီး ပေးခဲ့ခြင်း ဖြစ်ကြောင်း ကြေငြာ ခဲ့သည်။ Chrome အား Beta အဆင့်မှ တိုးမြှင့် ပြီးနောက် လက်တွဲဖော် ကွန်ပျူတာ ထုတ်လုပ်ရေး ကုမ္ပဏီကြီး များ အနေနှင့် ၎င်းတို့ ထုတ်လုပ်သော System များအတွင်း Chrome ကို ထည့်သွင်း ပေးရန် Google က မျှော်လင့် နေသည်။

Chrome သည် Browser လောက အတွက် တောက်ပသော အလင်းရောင် ပင်ဖြစ် ကြောင်း၊ Chrome အား ခရစ်စမတ် ကာလ၏ အကောင်းဆုံး လက်ဆောင် အဖြစ် အသုံးပြု သူများ ကျေနပ် ကြမည် ဖြစ်ကြောင်း Google က ဂုဏ်တင် ပြောဆို ထားသည်။ Chrome 1.0 အား ထုတ်လုပ် ပြီးနောက် တွင် Gmail အတွက် ၀န်ဆောင်မှု သစ်များ ဆက်လက် တိုးချဲ့ သွားရန် ရည်ရွယ် ထားကြောင်း Google က အရိပ်အမြွက် ပြောဆို သွားသည်။

Google ၏ အနာဂါတ် ခြေလှမ်းမှာ မိုဘိုင်းလ်ဖုန်း များမှတဆင့် Gmail ကို အသုံးပြုပြီး txt message များ အလွယ်တကူ ပေးပို့ နိုင်ရေး ဖြစ်လာ နိုင်ကြောင်း သိရှိ ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here