အူမကြီးကင်ဆာ လူဖြူတွေထက် လူမည်းတွေမှာပိုဖြစ်

alt

အူ မကြီးကင်ဆာ ဖြစ်ပွားမှု သည် လူမျိုး ကွဲပြားမှု အပေါ် တည်မှီနေမှု မှာ ပိုမိုကြီးမား ကျယ်ပြန့် လာခဲ့ကြောင်း အမေရိကန် မှ ဆရာဝန်များက သတိပေး ခဲ့ကြသည်။ အထူး သဖြင့် အသားမည်း သော လူမျိုးများ တွင် ဖြစ်နိုင်ခြေ ပိုမို များပြားပြီး အူမကြီး ကင်ဆာကြောင့် သေဆုံး ရသူများ အနက် လူမည်းဦးရေ သည် လူဖြူ ဦးရေထက် (၄၅) ရာခိုင်နှုန်းထိ ပိုမို များပြား နေမှုအား ဆရာဝန်များ က ထောက်ပြ သွား ခဲ့သည်။

ဒီဇင်ဘာလ (၁၅) ရက်နေ့က ထုတ်ပြန် ခဲ့သည့် သုတေသန စစ်တမ်း တစ်စောင်တွင် ယခု ရလဒ်အား အတည်ပြု ကြေငြာ ထားခဲ့ သည်။ အူမကြီး ကင်ဆာ ဆိုင်ရာ အချက်အလက် နှင့် ၀ိသေသ လက္ခဏာများ ဆိုသည့် စစ်တမ်း အတွင်း (၂၀၀၈) ခုနှစ်မှ (၂၀၁၀) အတွင်း အဆိုပါ ကင်ဆာ ခြိမ်းခြောက်မှု သည် လူမျိုး နွယ်ကွာခြားမှု အလိုက် ကွဲပြား သွားမည် ဖြစ်ကြောင်း ရေးသား ထားသည်။

သို့သော်လည်း အူမကြီး ကင်ဆာသည် လူမည်းများ တွင် ပိုမိုဆိုးရွားစွာ ခြိမ်းခြောက် နေသည် ဆိုသော အချက်မှာ သေဆုံးသူ အရေအတွက် ကိုမူတည်ပြီး ခြံုငုံ ပြုစု ထားသော စစ်တမ်း သာဖြစ်ကြောင်း ဆရာဝန်များ က ၀န်ခံ ခဲ့ပြီး အသားအရောင် ကွဲပြားမှု နှင့်အတူ အဘယ်ကြောင့် လူမည်းများ အူမကြီး ကင်ဆာ ပိုဖြစ် တတ်သည် ဆိုသည့် အကြောင်းရင်း ကိုမူ မသိရ သေးကြောင်း ပြောကြား ခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here