မဟာမဲခေါင်ဒေသတွင် ၁၀ နှစ်အတွင်း သက်ရှိမျိုးစိတ်အသစ် ၁၀၀၀ ကျော်တွေ့

alt

လွန် ခဲ့သော ဆယ်စုနှစ်အတွင်း မဟာ မဲခေါင် မြစ်ဝှမ်း ဒေသမှ သက်ရှိ မျိုးစိတ် ၁၀၀၀ ကျော်မျှ ရှာဖွေ တွေ့ရှိနိုင် ခဲ့ကြောင်း ကမာ္ဘ့ တိရစာ္ဆန်များ ထိန်းသိမ်းမှု ရံပုံငွေအဖွဲ့ကြီး( WWF) က တရားဝင် ကြေငြာချက် တစ်စောင်ကို ဒီဇင်ဘာလ (၁၅) ရက်နေ့က ထုတ်ပြန် လိုက်သည်။

ပန်းကန်တစ်ချပ်စာမျှ ကြီးမားသော ပင့်ကူကြီးများ၊ မြွေများ၊ ဖားများနှင့် နို့တိုက်သတ္တဝါများ၊ သွေးအေးတွားသွား သတ္တဝါများ၊ ငှက်နှင့် ငါးများကဲ့သို့ တိရစာ္ဆန်များ သာမက အပင်မျိုး စိတ်များ ကိုပါ တွေ့ရှိခဲ့ သည်ဟု WWF ကဆိုသည်။ ယခု တွေ့ရှိမှု သည် သမိုင်းတင် လောက်သည့် အောင်မြင်မှု ဖြစ်ပြီး မဟာ မဲခေါင်ဒေသရှိ မြန်မာ၊ ကမော္ဘဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ် နှင့် တရုတ်နိုင်ငံရှိ ယူနန်ဒေသများ မှ အမြဲစိမ်းတော၊ စိမ့်တောများ အတွင်း လေ့လာမှုများ ပြုလုပ် ခဲ့ကြရာတွင် ယခုလို တွေ့ရှိမှု အသစ်များ မှတ်တမ်း တင်လာနိုင် ခြင်းဖြစ် သည်။

(၁၉၉၇) ခုနှစ်မှ (၂၀၀၇) ခုနှစ်အထိ ကြာမြင့်ခဲ့သော မဟာမဲခေါင် လေ့လာရေးစီမံကိန်းသည် သဘာဝသက်ရှိ လောကကြီး အတွက် အကောင်းဆုံး ရလဒ်များ ထွက်ပေါ် စေခဲ့သည်ဟု WWF မှ ပညာရှင်များက ကျေနပ်စွာ ပြောဆို သွားကြ သည်။ ယခု လေ့လာမှုအတွင်း အပင်နှင့် သတ္တဝါမျိုး စိတ်ပေါင်း (၁၀၆၂) မျိုးကို ဖော်ထုတ် နိုင်ခဲ့သည် ဟု သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here