အီရတ် သတင်းထောက်က သမ္မတဘွတ်ရှ်အား ဖိနပ်ဖြင့် ပစ်ပေါက်

alt

အီရတ်သို့ အလည်အပတ် ရောက်ရှိနေသည့် အမေရိကန် သမ္မတ Bush အား ၎င်းစီး ထားသည့် ဖိနပ်(၂) ရံဖြင့် ရုတ်ရုတ် သဲသဲဖြစ် အောင် ပစ်ပေါက်ခဲ့သည့်

အီရတ် ဂျာနယ် သတင်းထောက် သည် ထိုသို့ ပြုလုပ် နိုင်ရန်အတွက် လပေါင်း များစွာ ကြံစည် ခဲ့ကြောင်း ဖြင့် ၎င်း၏ အပေါင်း အဖော်များ က တနင်္လာနေ့တွင် ပြောကြား ခဲ့ပါသည်။

Mr. Muntazer al-Zaidi အသက်(၂၈) နှစ်ရှိသည့် ဖော်ပြပါ အီရတ် သတင်းထောက် သည် သူရဲကောင်း အဖြစ် ချီးကျူး ခြင်း ခံခဲ့ ရပါသည်။ ၎င်းက ဖိနပ်ဖြင့် ပစ်ပေါက်ခြင်း ခံခဲ့ရသူ အမေရိကန် သမ္မတ Bush မှာ ၂၀၀၃ ခုနှစ်တွင် အီရတ်သို့ စီးနင်းဝင်ရောက်ရန် အမိန့် ပေးခဲ့သူ ဖြစ်ပါ သည်။

အမေရိကန် သမ္မတ Bush အီရတ် တွင် ရှိနေစဉ် ဘာသာရေး အထွတ် အမြတ်မြို့ ဖြစ်သော Najaf နှင့် Baghdad တို့တွင် အမေရိကန် ဆန့်ကျင်ရေး ဆန္ဒပြပွဲ များကို ပြုလုပ် ခဲ့ပါသည်။ အမေရိကန် ဆန့်ကျင်ရး Sadr လှုပ်ရှားရေး အဖွဲ့ဝင် တစ်ဦးဖြစ်သူ Mr. Liwaa Sumeissim က မိမိတို့ နိုင်ငံအား ကျူးကျော် ၀င်ရောက် နေသည့် အမေရိကန် နိုင်ငံ၏ သမ္မတ အား မြင်လိုက် ရသည့်  အတွက် ကြေကွဲ စွာ ခံစားရမှုကို ပြသ ခဲ့သည့် အပြုအမူ ပင်ဖြစ်ကြောင်း ဖြင့် ပြောကြား လိုက် ပါသည်။

သို့ရာတွင် အီရတ်အစိုးရက ဂျာနယ် သတင်းထောက် Mr. Zaidi ၏ အပြုအမူသည် ရှက်စရာ ကောင်းပြီး ၎င်း၏ အလုပ်ရှင် ဖြစ်သော Al-Baghdadia ရုပ်မြင်သံကြား ဌာနက တောင်းပန် ရန် တောင်းဆို လိုက်ပါ သည်။ အဆိုပါ ရုပ်မြင်သံကြားဌာန က Mr. Zaidi ကို ထိန်းသိမ်း ထားခြင်းမှ ချက်ခြင်း လွှတ်ပေးရန် တောင်းဆို ထားပါ သည်။ တနင်္ဂနွေနေ့ တွင် သမ္မတ Bush နှင့် အီရတ် ၀န်ကြီင်္းချုပ် Mr. Nuri al-Maliki တို့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ် နေစဉ် ဂျာနယ် သတင်းထောက် Mr. Zaidi က ထိုင်နေရာမှ ခုန်ထ၍ “ခွေးကြီး၊ ဒီဟာ နှုတ်ဆက် အနမ်းပဲ ကွ ( Farewell Kiss, you Dog !) ဟု ဆိုပြီး ၎င်း ၏ ဖိနပ်(၂) ရံဖြင့် အမေရိကန် သမ္မတကို ပစ်ပေါက် ခဲ့ခြင်း ဖြစ်ပါသည်။

ပထမ ဖိနပ်တစ်ရံမှာ ခေါင်းဆောင် (၂) ဦး၏ နောက်တွင် ရှိသည့် အမေရိကန် နှင့် အီရတ်အလံ ကို ထိပြီး၊ နောက်တစ်ရံ မှာ ပစ်မှတ် လွဲချော် သွားပါသည်။ Mr. Zaidi မှာ ချက်ခြင်းပင် လုံခြံုရေး အစောင့်များ၏ မြေပြင်ပေါ် သို့ လှဲချ ချုပ်နှောင်ခြင်း ကို ခံခဲ့ ရပါသည်။ ထို့နောက် ချုပ်နှောင် ထားလျက် နှင့် ၎င်းက “သေဆုံး ခဲ့ရသော အီရတ် ထောင်ပေါင်း များစွာ အတွက် မင်းတွင် တာဝန်ရှိသည်” ဟု အော်ဟစ် ခဲ့ပါသည်။

ကြေညာချက် တွင် Al-Baghdadia ရုပ်မြင်သံကြား ဌာနက အီရတ် အာဏာပိုင်များ ကို ၎င်းတို့၏ ဂျာနယ် သတင်းထောက် အား အမေရိကန် အာဏာပိုင်များ က အီရတ် ပြည်သူများကို ကတိ ပေးခဲ့သည့် ဒီမိုကရေစီ နှင့် လွတ်လပ်ရေး နှင့်အညီ ချက်ခြင်း လွှတ်ပေးရန် တောင်းဆို ခဲ့ကြောင်းဖြင့် ဖော်ပြ ထားပါသည်။ ၎င်းတို့၏ ဂျာနယ် သတင်းထောက် အပေါ် မည်သည့် အရေးယူမှုများ ကို မဆို မိမိတို့ အနေဖြင့် အာဏာရှင် အစိုးရ ၏ အပြုအမ ူများသာ ဖြစ်သည် ဟု မိမိတို့ စဉ်းစား ရလိမ့်မည် ဖြစ်ကြောင်းဖြင့် ဆက်လက် ဖော်ပြ ထားပါသည်။

Al-Baghdadia ရုပ်မြင်သံကြားဌာနမှ Zaidi ၏ လုပ်ဖော်ကို်င်ဖက်တစ်ဦးက Mr. Zaidi အနေဖြင့် အခွင့် အရေးရ သည်နှင့် အမျှ Mr. Bush အား ဖိနပ်ဖြင့် ပစ်ပေါက်ရန် ကြံစည် ထားပြီးဖြစ် ကြောင်းဖြင့် ပြောကြားခဲ့ပါသည်။ ၎င်းက ပြောကြားရာ၌ Mr. Zaidi အနေဖြင့် ၎င်းက လုပ်မည် ဆိုသည်ကို မိမိတို့ သံသယ မရှိမိ ပါကြောင်းဖြင့် ဆက်လက ်ပြောကြား ပါသည်။ အမည် မဖော်လိုသော Mr. Zaidi ၏ လုပ်ဖော်ကို်င်ဖက် တစ်ဦးက Mr. Zaidi အနေဖြင့် အမေရိကန်တို့ အပေါ် စက်ဆုတ်ရွံ့ မုန်းကြောင်း ၊ ၎င်းသည် အမေရိကန် တပ်သားများကို ရွံ့မုန်း သကဲ့သို့ သမ္မတ Bush ကိုလည်း ရွံ့မုန်းကြောင်းဖြင့် ပြောကြားပါသည်။ ဖိနပ်ဖြင့် ပစ်ပေါက်ခြင်းသည် အာရပ်ယဉ်ကျေးမှု၌ အပြင်းထန် ဆုံးသော စော်ကားမှုကြီး ပင်ဖြစ်ပါသည်။

အီရတ်သမ္မတဟောင်း ဆဒ္ဒန်ဟူစိန်၏ ရုပ်ထုကို ၂၀၀၃ခုနှစ် ၊ ဧပြီလတွင် လှဲချပြီးနောက် ၊ ထိုသို့ လှဲချလိုက်သည့် ရုပ်ထု၏ မျက်နှာကို လာရောက်ကြည့်ရှု့သူများက ဖိနပ်များဖြင့် နင်းချေခဲ့ဖူးပါသည်။ အီရတ်ရှေ့နေများက ပြောကြားရာ၌ Mr. Zaidi သည် နိုင်ငံခေါင်းဆောင် လာရောက်လည်ပတ်မှု အပေါ် စော်ကားသည့်ပြစ်မှုဖြင့် တရားစွဲခံ ရပါက ထောင်(၂)နှစ် အနည်းဆုံး ကျမည်ဖြစ်ပြီး၊ သေစေရန် ကြံစည်မှုဖြင့် တရားစွဲခံ ရပါက ထောင်(၁၅) နှစ် ကျမည် ဖြစ်ကြောင်း ဖြင့် ပြောကြား ပါသည်။ အီရတ်နိုင်ငံ ကိုင်ရိုမြို့တွင် ရုပ်မြင်သံကြားဌာန ၏ အစီအစဉ် စီစဉ်ရေး ညွှန်ကြားရေးမှူး ဖြစ်သူ Mr. Muzhir al- Khafaji က Mr. Zaidi သည် အာရပ်များအတွက် ဂုဏ်ယူရမည့် အမြင်ကျယ် သည့် ပုဂ္ဂိုလ်ပင် ဖြစ်ကြောင်း ဖြင့် ပြောကြား သွားခဲ့ ပါသည်။

၎င်းက AFP သတင်းဌာနကို ပြောကြားရာ၌ ၎င်းမှာ ယခု ကိစ္စမတိုင်မီ အမေရိကန်တို့၏ ဖမ်းဆီးမှုကို နှစ်ကြိမ် ခံခဲ့ရသည့် အတွက် Mr. Zaidi ၏ လုံခြံုမှု အတွက် စိုးရိမ်မိ ပါကြောင်း ၊ အီရတ်တွင် ရှိသည့် မိမိတို့၏ သတင်းထောက် များမှာ (၂၀၀) ရှိသည့်အတွက် ၎င်းတို့ အဖမ်းခံ ရမည်ကို စိုးရိမ် မိပါကြောင်းဖြင့် ဆက်လက် ပြောကြား ပါသည်။

Mr. Khafaji က Mr . Zaidi သည် အသက် (၂၈) နှစ်ရှိပြီး ဘဂ္ဂဒက် တက္ကသိုလ်မှ ဆက်သွယ်ရေး ဘွဲ့ကို ရခဲ့ သူဖြစ်ကြောင်း ၊ မိမိတို့ဌာန တွင် လုပ်နေသည်မှာ (၃) နှစ်ခန့်ရှိပါကြောင်း ၊ ၎င်းသည် ယခင် အစိုးရ နှင့် မည်သို့မျှ မပတ်သက်ပါ ကြောင်း နှင့် ၎င်း၏ မိသားစုသည် သမ္မတ ဆဒ္ဒန်ဟူစိန် အုပ်စိုးစဉ် အခါက အဖမ်းခံ ခဲ့ရပါကြောင်း ဖြင့် ပြောကြား ခဲ့ပါသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here