ထိုင်း ဒီမိုကရက် ခေါင်းဆောင် အာဘီဆစ် ၀ိဇ္ဖာဇီဝ ၀န်ကြီးချုပ် ဖြစ်ပြီ

alt

ထိုင်း နိုင်ငံ ၏ ၂၇ ယောက်မြောက်သော ဝန်ကြီးချုပ် အဖြစ် ဒီမိုကရက် ခေါင်းဆောင် အာဘီဆစ် ၀ိဇ္ဖာဇီဝ အား ထိုင်း စံတော်ချိန် မနက် ၁၁ နာရီခွဲ တွင် ထိုင်း လွတ်တော်မှ ထောက်ခံမဲ ၂၃၅ မဲဖြစ် ရွှေး ချယ် လိုက်ပြီ ဖြစ်ကြောင်း ၊ ထိုင်းနိုင်ငံ အစိုးရ အိမ်တော် ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ် ချိုင်ချစ်ဒ်ချော့ဘ် က  အတည်ပြု သတင်း ထုတ်ပြန်လိုက်သည်။

ယခုကဲ့သို့ ဝန်ကြီးချုပ် အဖြစ် ဒီမိုကရက် ခေါင်းဆောင် အာဘီဆစ် ၀ိဇ္ဖာဇီဝ အား ရွှေးချယ်လိုက် ခြင်းသည် ထိုင်းနိုင်ငံ ရဲ့ အကျပ်အတည်း ကို လျင်မြန်စွာ ဖြေရှင်း နိုင်မည့် ပထမ ခြေလှမ်း ဖြစ်ကြောင်း သုံးသပ်သူများက ပြောဆိုသော်လည်း ဝန်ကြီးချုပ် အသစ် အနေအဖြစ် စိန်ခေါ်မှုပေါင်း များစွာကို ရင်ဆိုင် ရတော့မည် ဖြစ် သည်။

နယူးကာဆယ်လ် တွင် ထိုင်းမိဘနှစ်ပါးမှ မွေးဖွားခဲ့သူ အဘီဆစ်သည် အသက် (၄၄) နှစ်ရှိပြီ ဖြစ်ပြီး အီတွန်နှင့် အောက်စ်ဖို့ဒ် တို့တွင် ပညာသင်ကြားခဲ့သည့် ပညာတတ် တဦးဖြစ်ပြီး၊ ဝန်ကြီး ချုပ်ရာထူး နှင့် ပညာရေး ဝန်ကြီးအဖြစ် တာဝန်ဆက်လက် နိုင်မည် ဟု သိရသည်။။

နိုင်ငံရေး အကဲခတ်များက သက်ဆင်၏ ဩဇာခံ အစိုးရမျှသာ ဖြစ်ကြောင်း စွပ်စွဲချက်များနှင့် အပြင်းအထန် ဆန္ဒပြမှုများ ကြံုတွေ့ခဲ့ရသည့် ဆွန်ချိုင်းလက်ထက် ကဲ့သို့ နိုင်ငံရေး ရှုပ်ထွေးမှုများ ယခုအချိန်တွင် ချုပ်ငြိမ်းသွားရန် မျှော်လင့်လျက်ရှိကြသည်။ လက်ရှိအချိန်တွင် နိုင်ငံတော် အာဏာအား ယာယီ ထိန်းသိမ်း ထားသည့် ဆွန်ချိုင်း၏ (PPP) ပါတီအနေ နှင့် နိုင်ငံရေး လောကမှ (၅) နှစ်တာ ကင်းကွာရမည့် တရားရုံးချုပ် အမိန့်အား စတင် သက်ရောက်မှု ကြံုရ တော့မည်ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here