လက်သံပြောင်တဲ့ ဆွီဒင် အလှမယ်ဟောင်း

alt

ဆွီ ဒင်အလှမယ် ဟောင်း အန်နာအန်ကာ အား ခင်ပွန်း ဖြစ်သူ အပေါ် အကြမ်းဖက် မှုဖြင့် ရဲများက ထိန်းသိမ်း ထား ကြောင်း သိရှိ ရသည်။ ရဲများ ၏ အဆိုအရ အန်နာ သည် သူမ ထက် အသက် (၂၉) နှစ် ပိုကြီးသော ခင်ပွန်း ဖြစ်သူ ပေါလ်အန်ကာ အား တိုက်ခိုက် ခဲ့ကြောင်း သိရှိရသည်။ ယခင် အမေရိကန် ဖျော်ဖြေရေး သမားဖြစ်သည့် အသက် (၆၇) နှစ် အရွယ် ပေါလ ်မှာ အန်နာ ၏ လက်ချက် ကြောင့် ဆေးရုံ သို့ ရောက်ရှိ ခဲ့သည် ဟု ကယ်လီဖိုးနီးယား ရဲတပ်ဖွဲ့က ဆိုသည်။

၎င်းတို့ စုံတွဲသည် နိုဝင်ဘာလ (၂၈) ရက်နေ့က ကယ်လီဖိုးနီးယားရှိ အပန်းဖြေစံအိမ်တွင် ခိုက်ရန်ဖြစ်ပွား ခဲ့ခြင်း ဖြစ်ပြီး အသက် (၃၇) နှစ်အရွယ် ဆွီဒင် သူက ရေခဲတုံး တစ်တုံး နှင့် ဒေါသ တကြီး ကောက်ပေါက် ခဲ့သဖြင့် ခင်ပွန်း သည်၏ ဦးခေါင်းတွင် ဒါဏ်ရာ ရရှိ ခဲ့ခြင်း ဖြစ်သည်။

(၂၀၀၈) ခုနှစ် နွေရာသီ ကမှ အီတလီ တွင် လက်ထပ် ခဲ့သည့် စုံတွဲ အနက် ခင်ပွန်း သည်ခ မျာ ခေါင်းတွင် နှစ်ချက်ချုပ် လိုက်ရ သည်။ နောက်ပိုင်း တွင်မူ ရဲများ က ပေါလ်၏ ဦးခေါင်း ဒါဏ်ရာ ရရှိခဲ့မှုမှာ အန်နာ အား တရားစွဲ နိုင်လောက်အောင် လုံလောက်မှု ရှိကြောင်း သတ်မှတ်ခဲ့ပြီး ဆွီဒင် ၏ တစ်ချိန်က စံပြ အလှမယ် အား ထိန်းသိမ်း ခဲ့ကြသည်။ အန်နာ ကမူ ယခု ဖြစ်ရပ်မှာ စိတ် အခန့် မသင့်ချိန် တွင် ပေါက်ကွဲ သွားသော မရည်ရွယ် သည့် ဖြစ်ရပ် ကလေးမျှ သာ ဖြစ်ကြောင်း ပြောဆို သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here