အိုစလို မီးလောင်မှု လူ ၁၀ ဦးသေဆုံး

alt

နော် ဝေးနိုင်ငံ အိုစလို မြို့တော် အတွင်း နေအိမ် တစ်လုံး မီးလောင် ခဲ့ရာ လူ ၁၀ ဦး သေဆုံးကြောင်း သိရှိ ရသည်။ အော်စလို မြို့တော်တွင် ယခု သတင်းပါတ် ရုံးပိတ်ရက် အတွင်း ဖြစ်ပွား ခဲ့သည့် မီးလောင်မှု အတွင်း အသက် (၁၇) နှစ်မှ (၂၂) နှစ်ကြား ရှိ ရုပ်အလောင်း (၄) ခုအား ရှာဖွေ တွေ့ရှိ ခဲ့ကြောင်း သက်ဆိုင်ရာ က ပြောကြား ခဲ့သည်။

ရဲများ ၏ အဆိုအရ စနေနေ့ အစောပိုင်းက လောင်ကျွမ်း ခဲ့သည့် မီးကြောင့် အိပ်နေ သူများသည် အရေးပေါ် ထွက်ပေါက်သို့ ကမူးရှူးတိုး ထွက်ပြေး ခဲ့ကြသော်လည်း မလွတ်မြောက် ခဲ့ခြင်း ဖြစ်နိုင်ဖွယ် ရှိကြောင်း သိရှိရသည်။ ယခုအချိန်တွင် ရဲများအနေနှင့် မီးမှာ ညပိုင်းကတည်းက စတင်လောင်ကျွမ်းခဲ့ခြင်းဟု ခန့်မှန်းနေပြီး မီးသတိပေး အချက်ပြ Alarm များအား အဘယ်ကြောင့် ပိတ်ထား သနည်းဆိုသော မေးခွန်းကိုလည်း ရင်ဆိုင်နေရသည်။

ရဲများက လူ (၆) ဦးသည် အရေးပေါ်ထွက်ပေါက်ကို ရှာဖွေနေရင်း ပိတ်မိသေဆုံးခဲ့ကြောင်း သတင်းထောက်များထံ ပြောဆို သွားသည်။ အဆိုပါ မီးလောင်တိုက်ခန်းမှ နောက်ထပ်လူ (၁၂) ဦးကို ဆေးရုံသို့ တင်ပို့ခဲ့ရပြီး တစ်ဦးမှာ အခြေအနေ ဆိုးသည်ဟု ဆရာဝန်များ က ပြောကြား ထားသည်။ ရဲများက မီးလောင်မှု အတွက် လိုအပ်သော စုံစမ်းမှုများ ဆက်လက် ဆောင်ရွက်သွားမည်ဟု ထုတ်ဖော် ကြေငြာ ထားကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here