Internet Explorer တိုင်းတွင် လုံခြံုရေးဆိုင်ရာ အားနည်းချက်များ ရှိ

alt

P atch အသစ် မထည့်သွင်း ရသေးသော Internet Explorer 7 နှင့်အတူ Version အနိမ့် IE Browser များအတွင်း လုံခြံုရေးဆိုင်ရာ အားနည်း ချက်များ ရှိ နေနိုင်ကြောင်း Microsoft ကော်ပိုရေးရှင်းက ပြောကြား ခဲ့သည်။ ဒိန်းမတ်နိုင်ငံမှ Online လုံခြံုရေး အကြံပေးတစ်ဦးက IE အတွက် Microsoft မှ ဆွေးနွေးထားသော လုံခြံုရေး အကြံပြုချက်များ တွင် လစ်ဟာမှုများ ရှိနေ သေးကြောင်း Microsoft ကို ထောက်ပြ ခဲ့သည်။

၎င်း၏အဆိုအား အသေအချာ သုံးသပ်ပြီးနောက် ထွက်ရှိပြီးသမျှ IE 7 အထိ Version တိုင်းတွင် လုံခြံုရေးဆိုင်ရာ ဟာကွက်ကြီးများ ရှိနေ သေးကြောင်း Microsoft က ၀န်ခံခဲ့သည်။ IE 5.01၊ IE 6 နှင့် IE 7 တို့ကဲ့သို့ Version အနိမ့်များတွင်သာမက လက်ရှိအချိန်တွင် Microsoft မှ စမ်းသပ်ဖြန့်ဝေထားသော IE 8 ၏ Beta Version မှာလည်း အချို့သော Service ဆိုင်ရာ ပြဿနာများ ရှိနေဆဲပင်ဖြစ်ရာ Microsoft အတွက် ခေါင်းခဲစရာ ဖြစ်နေ ခဲ့သည်။ Microsoft က ၎င်းတို့ ၏ အခိုင်အမာ ထုတ်ဝေထားသော IE 7 အပေါ်တွင် အသုံးပြုသူများ၏ ယုံကြည်မှု လျော့ပါး မသွားစေရန် ပြင်ဆင်မှု များ သတိထား ဆောင်ရွက်သွား မည်ဟု ကြေညာ သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here