ဟိုမုန်းဆေး တွေကြောင့် ရင်သားကင်ဆာ ဖြစ်နိုင်

alt

ဟို မုန်းဆိုင်ရာ ဆေးဝါးများ သုံးစွဲမှုသည် ရင်သားကင်ဆာ ဖြစ်နိုင်ချေကို ပိုမိုတိုးတက်လာစေကြောင်း နောက်ဆုံး ပြုလုပ် ခဲ့သည့် သုတေသန စစ်တမ်း တစ်ခုတွင် အခိုင်အမာ သက်သေပြု နိုင်ခဲ့သည်။ လက်ရှိ အချိန်တွင် ပေါ်ပြူလာ ဖြစ်နေသော ဟိုမုန်းလှုံ့ဆော်ဆေး အချို့တို့ အနေနှင့် ရင်သား ကင်ဆာ ရောဂါကို ဖိတ်ခေါ် နေသော အရာများ ဖြစ်လာ နေကြောင်း ဆရာဝန်များ က သတိပေး ခဲ့သည်။ Estrogen နှင့် Progestin ကဲ့သို့သော ဆေးဝါးများကို နှစ်နှစ်ခန့် မျှ စွဲစွဲမြဲမြဲ အသုံးပြု ခဲ့သည့် အမျိုးသမီးများ တွင် သာမန်ထက် ရင်သားကင်ဆာ ဖြစ်ပေါ်နိုင်သော ဆိုးကျိုးများ သိသိသာသာ တိုးမြင့်လာ ကြောင်း ဆရာဝန်များ က ဆိုသည်။ 

ထိုအခြေအနေ မှ ဆေးများသုံးစွဲနေမှု ဖြတ်တောက် လိုက်ပြီးနောက် နှစ်နှစ်မျှ ကြာချိန်တွင် ရင်သား ကင်ဆာ ဖြစ်နိုင်ချေမှာ သာမန်အခြေအနေထိ ပြန်လည် ကျဆင်းသွားကြောင်း တွေ့ရှိခဲ့ရသည်။ လော့စ်အိန်ဂျလိစ် မြို့၊ Harbor-UCLA ဆေးရုံမှ ဒေါက်တာ ရိုဝန်ချယ်လ်ဘော့စကီးက ဟိုမုန်းဆေးများ မသုံးစွဲသူ အမျိုးသမီးများ အနေနှင့် ရင်သား ကင်ဆာ အတွက် အကျိုးရှိမှု သိသိသာသာ များပြား တတ်ကြောင်း အတည်ပြု ရှင်းလင်း သွားသည်။ ၎င်းက လက်ရှိ အချိန်တွင် ထိုကဲ့သို့သော ဟိုမုန်း ဆေးများ စွဲမြဲစွာ အသုံးပြုနေသည့် အမျိုးသမီးများ အားလည်း တတ်နိုင်လျင် ဆေးသုံးနေမှု ဖြတ်တောက် သင့်ကြောင်းပါ အကြံပြု ဆွေးနွေး သွားကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here