ကုလအကြီးအကဲ မြန်မာပြည် ပြန်သွားသင့် ဟု အီးယူ ကိုယ်စားလှယ် ပြော

alt

ဥ ရောပ သမဂ္ဂ ၏ မြန်မာပြည် ဆိုင်ရာ အထူး ကိုယ်စားလှယ် ပီရို ဖာစ်စီနို က ကုလ အထွေထွေ အတွင်းချုပ် ဘန်ကီးမွန်၊ မြန်မာပြည် ကို နောက်တကြိမ် သွားရောက်ပြီး၊ မြန်မာ စစ်အစိုးရ၊ အတိုက်အခံများ နှင့် တိုင်းရင်းသား ကိုယ်စားလှယ်များ ပါဝင်သော စစ်မှန်သည့် ဆွေးနွေးပွဲ ဖြစ်အောင် ကြိုးစား သင့်ကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲ သည်လည်း လွတ်လွပ်ပြီး တရားမျှတသင့်သည့် ဟု ဂျပန် နိုင်ငံ တိုကျို မြို့ ကိုရောက်ရှိ နေစဉ်မှာ ပြောကြား လိုက်ပါ တယ်။

ဥရောပ သမဂ္ဂ ၏ မြန်မာပြည် ဆိုင်ရာ အထူး ကိုယ်စားလှယ် ပီရို ဖာစ်စီနို သည် ၂၀၀၇ ခုနှစ်  ဥရောပ သမဂ္ဂ ၏ မြန်မာပြည် ဆိုင်ရာ အထူး ကိုယ်စားလှယ် ခန့် အပ် ခံရပြီး ချိန်မှ စ၍ မြန်မာပြည် ကို သွားရောက်ဘူး ခြင်းမရှိ သေးချေ၊ ယခုခရီး စဉ်သည် လည်း အာရှနိုင်ငံများ လည်ပတ်မှု ခရီးအဖြစ် ရောက်ရှိနေခြင်းဖြစ်သည်။

ကုလ အထွေထွေ အတွင်းချုပ် ဘန်ကီးမွန်က တော့့ မြန်မာနိုင်ငံ သို့ သွားရောက် ရန် အဆင်သင့် ဖြစ်နေပြီ သော်လည်း၊ မြန်မာနိုင်ငံ အတွင်း စစ်မှန်သည့် ကျိုးကြောင်း စီလျော် သည့် တိုးတတ်မှု တစုံတရာ မရှိသေး သည့် အတွက် သွားရောက်သင့် သည့် အခြေအနေ မဟုတ် ကြောင်း၊ ကမာ္ဘနိုင်ငံ ခေါင်းဆောင် ဟောင်း များ ၏ လက်မှတ် ရေးထိုး တောင်းဆို အပြီး မှာ ပြောဆိုထား ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here