ဒူဘိုင်း အင်တာနက်မြို့တော်မှ အမှုဆောင်များ ဆွီဒင် လာ

alt

ဒူ ဘိုင်းနိုင်ငံ အင်တာနက်မြို့တော်မှ အမှုဆောင် အရာရှိများ သည် ဆွီဒင် နိုင်ငံသို့ လာရောက် ခဲ့ပြီးနောက် ဒူဘိုင်း နှင့် စကန်ဒီနေးဗီးယန်း နိုင်ငံများ ကြား Online ဆိုင်ရာ နည်းပညာ ပေါင်းကူးရေး ဆွေးနွေး ခဲ့ကြောင်း သိရှိ ရသည်။ ယခု လာရောက်မှု သည် စတော့ဟုမ်းလ်၊ လင်ချော့ပင် နှင့် ရယ်တယ်ဘို့ရ့် ကဲ့သို့ မြို့ကြီးများ နှင့် ဒူဘိုင်း အင်တာနက် မြို့တော်တို့ ကွန်ယက် ချိတ်ဆက်မှု အား အကောင် အထည် ဖော်ရန် ရည်ရွယ် ထား သည်။

ဆွီဒင်နိုင်ငံမှ ကုမ္ပဏီကြီး (၄၀) ခန့်တို့သည် နိုင်ငံရပ်ခြား ရင်းနှီးမြှုပ်နှံမှု အတွက် အရှေ့ အလယ်ပိုင်း ဒေသတွင် အကွက် အကွင်းကျသော ဒူဘိုင်း နိုင်ငံအတွင်း စီးပွားရေး ကုန်သွယ်မှုများ ဆောင်ရွက်ရန် စိတ်ဝင် စားနေရာ ဒူဘိုင်း နှင့် ရင်းနှီးသော ဆက်ဆံမှု မျိုး ရှိလာစေရေး မျှော်လင့် နေကြသည်။ ဒူဘိုင်း ဘက်မှ ကိုယ်စားလှယ် အကြီးအကဲ ဖြစ်သူ မာလက်ခ်အယ်လ် မာလက်ခ် က လက်ရှိ အချိန်တွင် ဆွီဒင်နိုင်ငံ မှ အင်တာနက်လုပ်ငန်း ကုမ္ပဏီ ကြီးများ မှာ ကမာ္ဘ့ဝန်ဆောင်မှု အကောင်းမွန်ဆုံး ကွန်ယက် စနစ်ကြီးအတွက် အဆင်သင့် ရှိနေကြ ပြီဖြစ်ကြောင်း၊ ထို အခြေအနေ အတွင်း ပူးပေါင်း ဆောင်ရွက်မှု သည် နှစ်နိုင်ငံ လုံးအတွက် အကျိုး ဖြစ်ထွန်း စေမည်ဟု မျှော်လင့် ထားကြောင်း ထုတ်ဖော် ပြောဆို သွားသည်။

ဒူဘိုင်း အစိုးရသည် နိုင်ငံအတွင်း ဆိုင်ဘာနည်းပညာ ဖွံ့ဖြိုး တိုးတက်စေရေး ဒူဘိုင်း အင်တာနက်မြို့တော်ကို ဖွင့်လှစ် ထားပြီး ဥရောပ ၏ အင်တာနက် နည်းပညာ အဆင့် အမြင့်ဆုံး နိုင်ငံ တစ်ခုဖြစ်သော ဆွီဒင်နှင့် လက်တွဲ နိုင်ရေး မျှော်လင့် ထားကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here