ထိုင်းဝန်ကြီးချုပ်သစ် အား ဒီဇင်ဘာ(၁၅)တွင် ကြေငြာမည်

alt

ထိုင်း နိုင်ငံ၏ ၀န်ကြီးချုပ်အသစ်အား ဒီဇင်ဘာလ (၁၅) ရက်နေ့ တွင် ထုတ်ဖော် ကြေငြာ မည် ဖြစ်သည်။ အစိုးရ ပြန်ကြားရေး ဌာနမှ ပြောရေး ဆိုခွင့်ရ ပုဂ္ဂိုလ် ချိုင်းချစ်ချော့ဒ် က အဆိုပါ သတင်းကို အတည်ပြု ခဲ့သည်။ အစောပိုင်းက ဒီမိုကရက် ပါတီမှ ၀န်ကြီးချုပ် ၏ အမည်ကို ထုတ်ဖော် ကြေငြာရန် တောင်းဆို ခဲ့သော် လည်း ပြန်ကြားရေး ဌာနက ဒီဇင်ဘာ (၁၅) ရက်နေ့ကို သတ်မှတ် ပေးခဲ့သည်။

လက်ရှိ အခြေ အနေအရ ထိုင်း နိုင်ငံရေး အတွက် အင်အား အကြီးဆုံး ပါတီများ ဖြစ်သော ဒီမိုကရက် နှင့် ပွာထိုင်းတို့မှာ ပါလီမန် အတွင်း အမတ်နေရာ ပိုမို ပိုင်ဆိုင် နိုင်ရေး အသည်း အသန် ယှဉ်ပြိုင် နေဆဲ ဖြစ်သည်။ ဆွန်ချိုင်း အစိုးရ ပြုတ်ကျ သွားပြီး နောက်ပိုင်း ရွေးကောက်ပွဲ များ ကို ဒီဇင်ဘာလ (၁၁) ရက်နေ့က ပြန်လည် ပြုလုပ်  နိုင်ခဲ့သော် လည်း ရွေးကောက် ခံရမည့် အစိုးရ အဖွဲ့အား ဒီဇင်ဘာလ (၁၅) ရက်နေ့ကျ မှ အပြီးသတ် ကြေငြာ သွားမည်ဟု သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here