ဦးနေဝင်း သမီး ဒေါ် ခင် စန္ဒာဝင်း ပြန်လွတ်ပြီ

alt

၂ ၀၀၂ ခုနှစ်က အာဏာသိမ်းရန် ကြံစည်မှု တွင် ပါဝင် သည် ဟူသော စွပ်စွဲချက် ဖြင့် နေအိမ် အကျယ်ချုပ် ချထားခြင်း ခံရသူ စစ် အစိုးရ မှ ကြေညာ ထားသည့် အား  သောကြာနေ့ မနက်ပိုင်း တွင် ၎င်း ၏ နေအိမ်မှ ၆ နှစ် ကြာပြီး သည့် နောက် လွတ်မြောက် လာပြီဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှ အကြီးတန်း အရာရှိ တဦးက အတည်ပြု ပြောကြား ခဲ့ပါတယ်။

ဒေါ် ခင် စန္ဒာဝင်း ၏ ၂၀၀၂ ခုနှစ် စက်တင်ဘာလ က သေဒါဏ် ချမှတ် ခံခဲ့ရသည့် ခင်ပွန်း ဦးအေးဇော်ဝင်း နှင့် သား ၃ ဦးဖြစ် သည့် အေးနေဝင်း၊ ဇွဲနေဝင်း နှင့် ကျော်နေဝင်း တို့ကို အင်းစိန်ထောင် သီးသန့် ထဲရှိ အထူးဆောင် အတွင်းမှာ ရှိနေသေး ကြောင်း ဆက်လက် ပြောဆို ခဲ့ပါတယ်။

ဒေါ် ခင် စန္ဒာဝင်း သည် ဆရာဝန် တဦးဖြစ် ပြီး တပ်မတော် စစ် ဆေးရုံ တွင် ဗိုလ်မှူးကြီး  အဆင့် နှင့် တာဝန် ထမ်းဆောင် ခဲ့ဖူးသလို မြန်မာ စစ်တပ် ထိပ်ပိုင်း ခေါင်းဆောင် များ အပေါ် ဩဇာ ညောင်းသူ၊ ဗိုလ်ချုပ်ကြီးဟောင်း ဦးနေဝင်း ၏ ကိုယ်ရေး အရာရှိ၊

၂၀၀၂ ခုနှစ် အာဏာသိမ်းရန် ကြံစည်မှုတွင် အဓိက ကြိုးကိုင်သူတဦး၊ သဘောထား တင်းမာသူ အဖြစ် နာမည်ထွက် ခဲ့ သူ ဖြစ်ကာ ၂၀၀၂ ခုနှစ် မတ်လ ရ ရက် တည်းက နေအိမ် အကျယ်ချုယ်  အဖြစ် နေထိုင်ခဲ့ရကြောင်း သိရှိ ရသည်။

alt

LEAVE A REPLY

Please enter your comment!
Please enter your name here