လူစီယာပွဲတွင် အမျိုးသားများ ပါ၀င်ရန်လိုလား

alt

ဆွီ ဒင်နိုင်ငံသည် လိင်ခွဲခြားမှု သာတူညီမျှ အရှိဆုံး နိုင်ငံ တစ်နိုင်ငံ ဖြစ်နေ သည့်တိုင် အမျိုး သမီးများ သည် အမျိုးသားမျာ းထက် အခွင့်အရေး တစ်ခုတွင် သိသိသာသာ ပိုမို ရရှိထား သည်။ ၎င်းမှာ အမျိုးသမီး များသာ သီးသန့် ပိုင်ဆိုင် ခွင့်ရ သည့် လူစီယာ အားလပ်ရက် ပင်ဖြစ်သည်။ အစဉ်အလာ သတ်မှတ်ချက် အရ ဒီဇင်ဘာ (၁၃) ရက်နေ့တွင် ကျရောက် သော အဆိုပါနေ့ တွင် အမျိုးသားများ ၏ အားလပ်ခွင့်ကို တားမြစ် ထားမြဲ ဖြစ်သည်။

ကက်သလစ် ဘာသာဝင် လူစီအား ဂုဏ်ပြုသော အဆိုပါနေ့ ပွဲတော်များ အတွင်း အမျိုးသမီးများ သည် ဖယောင်းတိုင ်များ ထွန်းညှိပြီး နွေးထွေးမှု နှင့် အလင်းရောင် ကို ဖော်ဆောင် ကြလေ့ ရှိသည်။ ထို ပွဲတော်များ တွင် အမျိုးသားများ အနေနှင့် ကူညီကြရန် သာ ပါ၀င် လေ့ရှိ တတ်သည်။ ယခု နှစ်အတွင်း တွင်မူ ဆွီဒင် နိုင်ငံ မှ အချို့ သော ကျောင်းများ က လူစီယာ ပွဲတော် အတွင်း အမျိုးသား များ ပါ ၀င်ရောက် ဆင်နွှဲ နိုင်ရေး တောင်းဆို ခဲ့ကြ သည်။

၎င်းတို့ ၏ အဆိုအရ ရိုးရာ ဓလေ့တစ်ခု ဖြစ်သည့် တိုင် လိင်ခွဲခြားမှု အဓိပ္ပါယ် မျိုး သက်ရောက် နေခြင်း ကြောင့် ယခု ကဲ့သို့ တောင်းဆို ခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။ ယခု ပွဲတော်များ တွင် မိန်း ကလေးများ သာမက ယောက်ျား လေးများ ပါ တပျော်တပါး ပါ၀င် ဆင်နွှဲမှုသည် ဆွီဒင် နိုင်ငံ အတွက် ပိုမို အဓိပ္ပါယ် ရှိမည်ဟု အဆိုပါ တောင်းဆို သူများ က ယူဆ နေကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here