သဘာဝဘေး ရတက် မအေး ရမည့် ဆူမာတြား

alt

ဆူ မာတြားကျွန်း တွင် (၂၀၀၄) ခုနှစ်က ဖြစ်ပွား ခဲ့သည့် ဆူနာမီ ရေလှိုင်းကြီး သည် ထို ဒေသ အတွက် ပထမဆုံး လူသတ် လှို်င်းတံပိုး များ မဟုတ်ခဲ့ သလို နောက်ဆုံး တွေ့ကြံု ရသော ငလျင်ကြောင့် ဖြစ်ပေါ် ခဲ့သည့် လှိုင်းလုံးကြီး များ ဖြစ်နိုင် ဖွယ် မရှိချေ။ ထိုစဉ်က လှိုင်းလုံးကြီး များ သည် အင်အား (၉.၃) ရစ်ချ်တာ စကေး ထိ ပြင်းအား ရှိသော ငလျင်ကြီး ၏ နောက် ဆက်တွဲအဖြစ် ပေါ်ပေါက် ခဲ့ခြင်း ဖြစ်သည်။

Science ၏ အဆို အရ လွန်ခဲ့သော နှစ်ပေါင်း (၇၀၀) ခန့်ကတည်း က အဆိုပါ ဒေသ ၏ မြေပြင် အနေ အထား နှင့် သမုဒ္ဒရာ ကြမ်းပြင် ဖွဲ့စည်းပုံ များကြောင့် ယခုလို သဘာဝ ဘေးရန် ငလျင်ကြီး များ ၏ ဒါဏ်ကို ခံစား ရလေ့ ရှိကြောင်း သိရှိ ရသည်။ လွန်ခဲ့သော နှစ်ပေါင်း (၁၀၀၀) ကျော် ကတည်းက ပင်လယ် ရေမျက်နှာ ပြင် သည် အဆိုပါ ဒေသ အပေါ် သက်ရောက်မှု များ ရှိနေ ခဲ့သည်။ အချိန်များ ရွေ့လျား ပြောင်းလဲ နေသော် လည်း ဆူမာတြား သည် ငလျင်ကြောကြီးများ ဖြာဆင်း နေသည့် ဒေသကြီး အဖြစ် ဆက်လက် ရပ်တည် နေခဲ့သည်။

ငလျင်ကြီးများ သည် ပင်လယ် ရေအောက် ပြတ်ရွေ့ကြီး များ တွန်းတိုက် လှုပ်ရှားတိုင်း ပေါ်ပေါက် လာတတ်ပြီး ဆိုးရွားသော သက်ရောက်မှု များ ဖြစ်ပေါ် လာဦးမည် ဖြစ်သည်။ (၂၀၀၇) ခုနှစ်အတွင်းက လှုပ်ရှား ခဲ့သည့် ပြင်းအား အဆင့် (၈.၄) ရှိသော ငလျင်ကြီး အတွင်း ပြတ်ရွေ့ ကြီးများ အထက် အောက် ပွတ်တိုက် လှုပ်ရှားမှု သည် (၇၃) စင်တီမီတာ အမြင့် အထိ ရှိနေ ခဲ့ကြောင်း ငလျင် ဆိုင်ရာ ကျွမ်းကျင်သူ များ က ထုတ်ဖော် ပြောဆို ခဲ့သည်။ အဆိုပါဒေသ တောင်ဘက်စွန်းသည် သဘာဝ ဘေးဆိုးများ အတွက် အချိန်တိုင်း တွင် ခြိမ်းခြောက်မှုများ ရင်ဆိုင် နေရနိုင်ကြောင်း ပညာရှင်များ က သုံးသပ် ထားသည်။

ယခုအခါတွင် ငလျင်များ ပေါ်ပေါက်စေသော ပြတ်ရွေ့ ကြောင်းကြီးများ မှာ ကီလိုမီတာ (၃၀၀)ကျော်အထိ အရှည်ရှိ နေကြပြီး ၎င်းတို့ ချင်း ပွတ်တိုက်မှု များ၊ လှုပ်ရှား မှုများ ပေါ်ပေါက် လာပါက နောက်ထပ် ဆူနာမီများ ဖြစ်ပေါ် လာနိုင်ကြောင်း သိပ္ပံ ပညာရှင်များ က သတိ ပေးထား သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here