IE 0 Day အား တားဆီးနိုင်မည့်နည်းလမ်းများ Microsoft မှ ထုတ်ပြန်

alt

I nternet Explorer ၏ လုံခြံုရေး ဆိုင်ရာ အားနည်းမှု များမှ တဆင့် ယခု ရက်ပိုင်း အတွင်း ထိုးဖောက် ၀င်ရောက် နေသော 0 day အမည်ရှိ ဆိုင်ဘာ တိုက်ခိုက်မှုအား မည်သို့ ကာကွယ် ရမည် ကို Microsoft က သတင်း ထုတ်ပြန် ခဲ့သည်။ IE 7 အပါအဝင် Version ပိုနိမ့်သော Browser များအတွင်း ပေါ်ပေါက် တတ်သည့် အဆိုပါ တိုက်ခိုက်မှု သည် Windows Platform အတော်များများတွင် သက်ရောက် တတ်ပြီး XP SP2နှင့် SP3၊ Vista နှင့် SP1၊ Windows Server 2008 တို့တွင် ထိလိုက် တတ်ကြောင်း သိရှိ ရသည်။

.Dll ဖိုင်များ အား ဖျောက်ထား တတ်ပြီး အခြား သက်ရောက်မှု များပါ ရှိနေ သည့် 0 Day တိုက်ခိုက်မှု အား ကာကွယ် နိုင်ရေး အတွက် Microsoft မှ ပေးထားသည့် လုံခြံုရေး ၀န်ဆောင်မှု များ၏ Setting များအား အမြင့်ဆုံး အဆင့် ပေးထား ရန် Microsoft က ညွှန်ကြား ထား သည်။

Antiscript ကဲ့သို့သော လုပ်ဆောင်ချက် ကိုလည်း IE မစတင်မီ Run ထားပေးရန် Microsoft က အကြံပြု ထား သည်။ ထို့အပြင် အခြားသော အကြံပြု မှုများ အတွက်ပါ Microsoft ၏ လုံခြံုရေးဆိုင်ရာ စာမျက်နှာတွင် အသေးစိတ် ဖော်ပြ ထားကြောင်း သိရှိ ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here