Google နှင့် Microsoft တို့ အားပြိုင်နေမှု (၂၀၀၉) တွင် ပိုမိုပြင်းထန်ဖွယ်

alt

W eb ဆိုင်ရာ ၀န်ဆောင်မှု များ အတွက် ပြိုင်ဘက်များ သဖွယ် ရပ်တည် လာခဲ့သည့် Google နှင့် Microsoft တို့၏ အားပြိုင်မှု သည် (၂၀၀၉) ခုနှစ်အတွင်း အလွန် ပြင်းထန်လာ ဖွယ်ရှိသည်။ Microsoft ၏ Windows Azure နှင့် Google ၏ Android၊ Microsoft ၏ IE နှင့် Google ၏ Chrome တို့၏ အားပြိုင်မှု များသည် (၂၀၀၈) ခုနှစ်အတွင်း အထွက် အထိပ်သို့ ရောက်ရှိ လာခဲ့ သည်။

လက်တလော အခြေ အနေ အရ ကမာ္ဘ့ အကောင်းဆုံး Search Engine အဖြစ် မှတ်တမ်း ၀င်နေသော Google အား အပြုတ်ဖြုတ် နိုင်ရေး အတွက် Microsoft အနေနှင့် နာမည်ကျော် Search Engine ဖြစ်သော Yahoo ကို အမေရိကန် ဒေါ်လာ (၄၄.၆) သန်းပေးပြီး ၀ယ်ယူ သွားရန် ကြံစည် နေသည်။ ထို အခြေအနေ သည် Microsoft အား ကမာ္ဘ့အဆင့်(၂) ရှိ Search Engine အား ပိုင်ဆိုင် လာမည် စေမည်ဖြစ်ပြီး Google ၏ ရပ်တည်မှု ကို ဖိအား ပေးလာ နိုင်မည် ဖြစ်သည်။

ထို့အပြင် အဆိုပါ အဖွဲ့ အစည်းကြီး နှစ်ခုလုံး သည် Computing နှင့် Mobile၊ Wireless နယ်ပယ်များ တွင်ပါ နေရာ လုလျက် ရှိနေရာ (၂၀၀၉) ခုနှစ် သည် အဆိုပါ ကုမ္ပဏီကြီး နှစ်ခုတို့ အပြိုင် ကြဲမည့် ကာလ ဖြစ်လာ နိုင်ကြောင်း ဈေးကွက် သုတေသီများ က သုံးသပ် ထားကြ သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here