Chrome အား Version 1.0 အဖြစ် Google က စတင်

alt

B eta Versionနှင့် ထုတ်ဝေထားသော Chrome Web Browser အား မြန်နှုန်း နှင့် တည်ငြိမ်မှု ဆိုင်ရာ စွမ်းဆောင်ရည် များ ထပ်မံ ဖြည့်စွက် ပြီးနောက် Complete Version အဖြစ် စတင် ဖြန့်ဝေမည် ဟု Google မှ အတည်ပြု ခဲ့သည်။ ဒီဇင်ဘာလ (၁၁) ရက်နေ့က Beta Version အား ရပ်နားကာ Chrome 1.0 အဖြစ် စတင် သတ်မှတ် လိုက်ပြီး အဆိုပါ Browser အား မည်သူ မဆို အခမဲ့ Download လုပ်ခွင့် ပေးထား ကြောင်း Google ကဆို သည်။

သုံးလ ခွဲမျှ စမ်းသပ် ကာလအတွင်း Browser ၏ အားနည်းချက် အပြစ် အနာ အဆာများ အား အကောင်းဆုံး ပြုပြင် ပြီး ဖြစ်ကြောင်း Googleက ထပ်မံ ကြေငြာ ခဲ့သည်။ Browser လောကတွင် လူသုံး အများဆုံး အဖြစ် ရပ်တည် နေသည့် FireFox နှင့် IE တို့အား ယှဉ်ပြိုင် နိုင်ရေး Google အနေနှင့် ပိုမိုအားထုတ်ထားပြီး Moblie Browser အဖြစ်ပါ အသုံးတွင် ကျယ်လာ စေရန် ကြံစည် ထားသည်။ Google အနေနှင့် Chrome အား Linux နှင့် Mac OS များ အတွက်ပါ ရည်ရွယ် ထားကြောင်း လည်း သိရှိ ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here