ABSDF ခေါင်းဆောင်ဟောင်း ထွန်းအောင်ကျော် နှင့် ကနေဒါ UDP ပါတီ

alt

ဒီဇင်ဘာလ (၁၁) ရက်နေ့က ကနေဒါ နိုင်ငံ ဗန်ကူးဗား ဘီစီမြို့တွင် အခြေစိုက် သော ညီညွတ်သော ဒီမိုကရက်တစ် ပါတီ (မြန်မာပြည်) ခေါင်းဆောင်များ နှင့် ကျောင်းသား ခေါင်းဆောင် ကို ထွန်းအောင်ကျော် တို့ ရင်းနှီး ပွင့်လင်းစွာ တွေ့ဆုံ ကြပြီး၊

မြန်မာ နိုင်ငံ ရှိ လူမှု ဘဝများ မြှင်တင်ရေး အတူတကွ ပူးပေါင်း ဆောင်ရွက်ရန် သဘော တူညီ ခဲ့သည် ဟု လူထုအသံ မှ သိရှိ ရသည်။

ကို ထွန်းအောင်ကျော် မှာ ၁၉၇၄ အရေးတော်ပုံ ကျောင်းသား ခေါင်းဆောင်တဦး ဖြစ်ပြီး ကျောင်းသား တပ်မတော် ၏ ပထမဆုံး ဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင်ခဲ့ ဖူးသူလဲ ဖြစ်ကာ၊ ကနေဒါ အခြေစိုက် UDP ပါတီမှ ကိုထွန်းအောင်ကျော် အား ဗဟိုကော်မတီဝင် အဖြစ် ခန့်အပ် လိုက်၍ ယခုလ ပိုင်း အတွင်းမှာပင် ပြည်ပရောက် အတိုက်ခံများ ထဲမှ ကွယ်လွန်သူ ဝန်ကြီးချုပ် ဦးနု ၏ သား ဦးအောင် ပြီးလျှင် ကိုထွန်းအောင်ကျော် မှ ဒုတိယမြောက် ပါတီ၏ ဗဟို ကော်မတီဝင် ဖြစ်လာသူ ဖြစ်သည်။

ပါတီ၏ ပြောရေး ဆိုခွင့် ရှိသူ နော်ဆိုင်း အား လူထုအသံမှ မေးမြန်းရာ တွင် ၎င်းတို့ ပါတီအနေဖြင့် ယခုလို ကမာ္ဘတဝှမ်း၌ ရှိနေသော မြန်မာ့ ဒီမိုကရေစီ အတိုက်ခံများ နှင့် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကာ UDP ပါတီသည် မြန်မာ့ ပြည်သူ လူထု ၏ နိုင်ငံရေး အပါအဝင် အခြားသော ရှုထောင်ပေါင်းစုံ ပြောင်းလဲစေရန် Engagement ပူးပေါင်းဆောင်ရွက်ရေး ပေါ်လစီကို အခြေခံကာ လက်ခံ ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ပါတီ၏ အင်အားမှာ လူတန်းစားပေါင်းစုံ ပါဝင်ကာ ယခုအချိန်တွင် ကနေဒါ၊ အမေရိကား တို့တွင် အဖွဲ့ဝင်များ တိုးမြှင့် ခြေဆန့်လျှက်ရှိနေပြီး၊ ပါတီဝင်များအား နောင်တွင် ကမာ္ဘတဝှမ်းလုံးရှိ ပြည်ပရောက် မြန်မာနိုင်ငံသားများ အား အခြေခံ တိုးမြှင့် ယူမည်ဟု ပြောဆိုပါသည်။

UDP ပါတီသည် မိမိခြေထောက်ပေါ် မိမိရပ်တည်လျှက်ရှိပြီး တိုင်းပြည် အကျိုးစီးပွားအတွက် မည်သို့သော အင်းအားစုနှင့် မဆို တူညီသော လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မည်ဟု သိရှိရကာ ပူးပေါင်းဆောင်ရွက်သော နည်းလမ်းသာ လက်ရှိ အခက်အခဲ၊ အကြပ်အတည်းများအား ဖြေရှင်းနိုင်မည်ဟုလည်း ဆက်လက်ပြောဆိုသည်။

ဇာမဏီရိုင်း (လူထုအသံ)

LEAVE A REPLY

Please enter your comment!
Please enter your name here