မြန်မာရေကြောင်းသိပ္ပံ ကျောင်းသားများအား စင်္ကာပူနိုင်ငံ တက္ကသိုလ်များမှ

alt

စ င်္ကာပူ နိုင်ငံရှိ အမျိုးသားတက္ကသိုလ် ( N.U.S ) နှင့် နန်ယန် နည်းပညာ တက္ကသိုလ် ( N.T.U ) တို့မှ မြန်မာ့ ရေးကြောင်း သိပ္ပံ နည်း ပညာကျောင်း မှ ၂၀၀၉ -၂၀၁၀ စာသင် နှစ်များ တွင် ထူးချွန်စွာ အောင်မြင်လာသော ကျောင်းသားများအား စကောလားရှစ် ချီးမြှင့်မည် ဟု ပြည်တွင်းရှိ မီဒီယာများ အား ကိုးကား၍ ဆင်ဟွာ သတင်းတွင် ဖေါ်ပြ ထားသည်။

ဆက်လက်၍ ထိုတက္ကသိုလ်ကြီး ၂ခုမှ လာမည့် စာသင်နှစ် တွင် ထူးချွန်စွာ အောင်မြင် လာသော ကျောင်းသား ၈ ဦးအတွက် အချိုးကျ သီးသန့် နေရာများ ဖယ်ထားကာ အဓိက ဘာသာရပ် များဖြစ်သော စက်မှု အင်ဂျင်နီယာ၊ မြို့ပြ အင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအား၊ အီလက် ထရောနစ် နှင့် ရေကြောင်း နည်ပညာ ဆိုင်ရာ တို့သင်ခွင့် ပြုမည် ဖြစ်သည်။ ထို တက္ကသိုလ် ၂ ခုမှာ ယခင် ကတည်း ကပင် မြန်မာ့ ပညာရေး နယ်ပယ် ထဲမှ သူများအား GCE အို အဆင့် အတန်း ဖြေဆို အောင်မြင်သူ များအား သက်ဆိုင်ရာ ဘာသာရပ် အလိုက် ကောလိပ်၊ တက္ကသိုလ် ဝင်ခွင့် စာမေးပွဲများ ဖြေဆို အောင်မြင် ပါက တက်ရောက် သင်ကြားခွင့် ပြုထား သည်မှာ ကြာပြီ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here