နှစ်(၂၀၀၀) ကျော် သက်တမ်းရှိသည့် ဦးနှောက်အား တွေ့

alt

သိ ပ္ပံပညာရှင်များသည် တူးဖော် တွေ့ရှိသော ဦးခေါင်းခွံ တစ်ခု အတွင်း သက်တမ်း အနှစ် (၂၀၀၀) ရှိသည့် ဦးနှောက် တစ်ခု ကို တွေ့ရှိ ခဲ့ကြ သည်။ ယခု တွေ့ရှိမှု သည် မနုဿ ဗေဒ ပညာရှင် များ အတွက် အလွန် အံ့အား သင့် စရာ ဖြစ်လာ ခဲ့သည်။ ဗြိတိန် နိုင်ငံ သို့ ရောမ တို့ ကျူးကျော် ၀င်ရောက်စဉ် က အသက်ရှင် ခဲ့သူ တစ်ဦးက အဆိုပါ ဦးခေါင်းခွံ ကို ရွှ့ံနွံများ အတွင်း မှ ဒီဇင်ဘာလ (၁၂) ရက်နေ့က တူးဖော် တွေ့ရှိ ခဲ့ကြ သည်။

အင်္ဂလန် မြောက်ပိုင်း ယော့ခ် တက္ကသိုလ် မှ သုတေသီ များ တွေ့ရှိခဲ့သည့် အဆိုပါ ဦးနှောက် သည် လူသား သမိုင်း လေ့လာမှု အတွက် အထင်ကရ မှတ်တိုင် ကောင်း တစ်ခု ဖြစ်လာ နိုင်ဖွယ် ရှိနေ သည်။ ယခု ခေါင်းခွံ အား တွေ့ရှိ ခဲ့သူ ရေချယ်ကူးဘစ် က သူမ အနေ နှင့် ထို ခေါင်းခွံ အား ကိုင်တွယ်မိ ကတည်းက အထဲတွင် ဦးနှောက် ရှိနေ ဦးမည် ဟု ခံစား မိခဲ့ကြောင်း ပြောဆို ခဲ့သည်။ ခေါင်းခွံ အား စနစ်တကျ သန့်စင်မှုများ ပြုလုပ် ပြီးနောက် ခေါင်းခွံ အတွင်းဘက် အောက်ခြေ တွင် သမားရိုးကျ မဟုတ်သော အဝါရောင် အရာအချို့ တွေ့ရှိ ခဲ့ကြောင်း ရေချယ် ကဆို သည်။

ထိုအရာများ ကို စနစ်တကျ Scan ပြုလုပ်ပြီး သောအခါ ဦးနှောက် တစ်သျှူးများ ဖြစ်ကြောင်း အတည်ပြု နိုင်ခဲ့ သည်။ ပညာရှင်များ အတွက် ယခု အချိန်တွင် အကြီးမား ဆုံး ကြံုနေ ရသော စိန်ခေါ်မှု မှာ ထိုမျှ သက်တမ်းကြာ သည် အထိ ဦးနှောက် ဆဲလ်များ မပျက်မစီး ကျန်နေသော အကြောင်း အရင်း မှာ မည်သည့် အရာနည်း ဆိုသော မေးခွန်းပင် ဖြစ်ကြောင်း ရေချယ် က ပြောဆို သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here