ခလေး ဘဝ အုပ်ထိန်းမှု တွင် ဖင်လန်က ထိပ်

alt

ဖင် လန်နိုင်ငံသည် ခလေးငယ်များ ကနဦး စောင့်ရှောက်မှု ဆိုင်ရာ ပေါ်လစီများ ချမှတ် ဆောင်ရွက်မှုတွင် ဦးဆောင် ကဏ္ဍမှ နေရာ ယူထား နိုင်သည် ဟု သိရ သည်။ အရေးပါ သော အချက်များ အနေ နှင့် ခလေးငယ်များ စောင့်ရှောက်မှု ဆိုင်ရာ ၀န်ဆောင်မှုများ၊ ခလေးငယ်များ ဆင်းရဲချို့တဲ့မှု ကာကွယ်ရေး လမ်းစဉ် မူဝါဒများ နှင့် နိုင်ငံ ၀င်ငွေမှ ခလေးများ အတွက် ပြန်လည် အသုံးပြု နေသည့် ငွေကြေး ရာခိုင်နှုန်းများ အားလုံး တို့ကို စစ်တမ်း ကောက်ယူူပြီး နောက် ယခုကဲ့သို့ ကြေငြာ ခဲ့ခြင်း ဖြစ်သည်။

ခလေးသူငယ် စောင့်ရှောက်မှု လုပ်ငန်းများ အားလုံး တို့အတွက် အချက် (၁၀) ချက် သတ်မှတ် ထားပြီး ဆွီဒင် နှင့် အိုက်စ်လန် နိုင်ငံများ မှာ ထိပ်ဆုံး မှ ရပ်တည် နေသော်လည်း ခလေးငယ်များ ၏ ငယ်ဘဝ ဆိုင်ရာ ပြီးပြည့် စုံသော အခြေ အနေ များ ဖန်တီး ပေးရာတွင် ဒိန်းမတ်၊ ပြင်သစ် နှင့် နော်ဝေး တို့ကို ဖြတ်ကျော် ကာ ဖင်လန်နိုင်ငံက ထိပ်ဆုံး ရောက်နေ ခဲ့သည်။

ယခု ကဲ့သို့ Unicef မှ အကောင်းဆုံး ခလေးငယ်များ ထိန်းသိမ်း ပေးသည့် နိုင်ငံများ စာရင်းကို ဖော်ပြ ခဲ့ရာတွင် အမေရိကန်၊ ဘယ်လ်ဂျီယန်၊ ဟန်ဂေရီ၊ တောင်ကိုရီးယား နှင့် ဩစတြေးလျ နိုင်ငံများ လည်း ပါ၀င် နိုင်ခဲ့ သည်ဟု သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here