ခလေးများ စောင့်ရှောက်မှု တွင် ဆွီဒင်သည် အကောင်းဆုံး

alt

က မာ္ဘ့ စီးပွားရေး အင်အားကြီး နိုင်ငံများ အနက် ဆွီဒင် နိုင်ငံ၏ ခလေး သူငယ် စောင့်ရှောက်မှု စီမံကိန်းများ မှာ အဆင့်အတန်း အမြင့်ဆုံး ဟု စစ်တမ်း တစ်ခုမှ ဖော်ပြ ထားသည်။ ကုလသမဂ္ဂ ၏ ခလေး သူငယ်များ ရံပုံငွေ အဖွဲ့ Unicef မှ ကောက်ယူ ထားသည့် စစ်တမ်း အရ ထိပ်တန်း စီးပွားရေးနိုင်ငံ (၂၅) ခု၏ ခလေးငယ် များ စောင့်ရှောက် မှု လုပ်ငန်း ဆောင်တာများ တွင် ဆွီဒင် သည် နံပါတ် (၁) ဟု သိရ သည်။

မိဘများ အတွက် ပညာပေး လုပ်ငန်းများ၊ ပညာ သင်ကြားပေးမှု၊ ခလေး သူငယ် စောင့်ရှောက် ရေး ရံပုံငွေ ရှာဖွေရေး၊ ခလေးငယ်များ ဆင်းရဲမှု တိုက်ဖျက်ရေး စသော စီမံကိ်န်းများ အားလုံး အား လေ့လာ စောင့်ကြည့်ပြီး ယခု ရလဒ်ကို သိရှိ လာခြင်း ဖြစ်သည်။ ဆွီဒင် နိုင်ငံမှ ခလေးငယ် အများစု သည် ပျော်ရွှင်သော စိတ်ပိုင်း၊ ရုပ်ပိုင်း ဆိုင်ရာ လူနေမှု ဘဝကို ရရှိ ခံစားရ လေ့ရှိကြောင်း အဆိုပါ စစ်တမ်း တွင် မှတ်ချက် ပြုထား သည်။

ကျောင်းကြို ပညာရေးစနစ် ဖော်ဆောင်မှုများ တွင်လည်း ဆွီဒင် နိုင်ငံသည် အခြားသော ချမ်းသာ ကြွယ်ဝသည့် နိုင်ငံ များ ထက် ပိုမို သာလွန် ကောင်းမွန် ကြောင်း စစ်တမ်း တွင် ဖော်ပြ ပါရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here