ခရစ်စမတ် ရက်မှားပြီး သတ်မှတ်ခဲ့သလား

alt

ခ ရစ်စမတ်ရက်ကို ဖျက်သိမ်း လိုက်ပါတော့။ Jesus သည် ဒီဇင်ဘာလ (၂၅) ရက် နေ့တွင် မွေးဖွား ခဲ့ခြင်း မဟုတ်ကြောင်း သိပ္ပံပညာရှင်များ က ဖော်ထုတ် လိုက်ကြ သည်။ ခရစ်ယန် သာသနာကို ကမာ္ဘမြေတခွင် ထွန်းလင်း စေခဲ့သော သူတော်စင် ၏ မွေးနေ့ အမှန်မှာ ဇွန်လ (၁၇) ရက်နေ့သာ ဖြစ်ကြောင်း ပညာရှင်များ က ပြောကြား သွားသည်။

ကျမ်းစာများ တွင် ဖော်ပြထားမှုများ အား အခြေခံပြီး ခြေရာ ကောက်စုံစမ်း ခဲ့ရာမှ ယခုကဲ့သို့ တွေ့ရှိ လာခြင်းဟု သိရှိ ရသည်။ နက္ခတ ဗေဒ ပညာရှင် တစ်ဦး ဖြစ်သူ ဩစတြေးလျ နိုင်ငံသား ဒေ့ဗ်ရီနီကီ က သမိုင်း မှတ်တမ်းများ တွင် ဖော်ပြ ထားသည့် ခရစ်တော် မွေးဖွားစဉ် က နက္ခ ကြယ်စဉ်များ အား လေ့လာ ပြီးနောက် Jesus ၏မွေးနေ့ မှာ ဇွန်လ (၁၇) ရက်နေ့ ဖြစ် ကြောင်း ခိုင်ခိုင် မာမာ ပြောကြား လိုက်သည်။

၎င်း ၏ တွေ့ရှိချက် ကို လက်ခံရန် ခက်ခဲ မည် ဖြစ်ကြောင်း၊ သို့သော် လည်း လူတွေ ကို အမှန် အတိုင်း သိစေ လိုကြောင်း ရီနီကီ ကဆို သည်။ ၎င်း အနေနှင့် ကျမ်းကိုး အသီးသီး တွင် ပါရှိ သည့် ကောင်းကင် ကြယ်စင်များ ထွန်းလင်း နေမှု မှတ်တမ်းများ ကို စနစ်တကျ ပြုစု ထားပြီး ထို အခြေ အနေ အရ ခရစ်တော် ၏ မွေးနေ့ အမှန် သည် ဇွန်လ (၁၇) ရက်နေ့ ဖြစ်ကြောင်း အတိအကျ ရှင်းပြ နိုင်ကြောင်း ခိုင်ခိုင် မာမာ ပြောဆို သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here