Play Station ဂိမ်း အားပေးသူများအတွက် Sony ၏ ၀န်ဆောင်မှု

alt

S ony က Play Station Home အတွက် Beta Version ကို ဒီဇင်ဘာ (၁၀) ရက်နေ့က စတင် လွှင့်ထုတ် လိုက်ပြီ ဖြစ်သည်။ အဆိုပါ ၀န်ဆောင်မှုအား နှစ်နှစ် နီးပါးမျှ အချိန်ယူခဲ့ပြီးမှ အပြီးသတ် နိုင်ခဲ့ ခြင်း ဖြစ်သည်။

ယခု ထုတ်လွှင့်မှုကြောင့် Sony ကုမ္ပဏီထုတ် Play Station 3ဂိမ်းစက် နှင့် Broad Band အင်တာနက် ချိတ်ဆက်မှု ရှိနေ သည့် မည်သူ မဆို အဆိုပါ ၀န်ဆောင်မှုတွင် Register လုပ်ထား နိုင်တော့မည် ဖြစ်သည်။ Sony ကမူ လက်ရှိ ထုတ်လွှင့်မှုသည် Beta Version သာဖြစ်သေး ကြောင်း ပြောကြား ထားပြီး ၎င်းတို့ ၏ ဂိမ်းစက်များ အား ၀ယ်ယူ အားပေး သူများ အတွက် ကောင်းမွန် သည့် တုန့်ပြန်မှု တစ်ခု ဖြစ်လာ စေရန် မျှော်လင့်ကြောင်း ကြေငြာ ထားသည်။

ယခု ၀န်ဆောင်မှု ကြောင့် Play Station ဂိမ်း ကစားသူ အချင်းချင်း အတွေ့အကြံု ဝေမျှ မှုများ ပြုလုပ် နို်င်မည် ဖြစ် သလို Sony မှ ထပ်မံ ဖြည့်စွက် ပေးမည့် ၀န်ဆောင်မှုများ အား အလွယ်တကူ Download လုပ်နိုင် မည် ဖြစ်သည်။ ယခု ၀န်ဆောင်မှု အား Social Networking နှင့် ဆက်နွယ်လာ စေရန်ပါ အချိန်ယူ ဆောင်ရွက် သွားမည်ဟု Sony က ကြေငြာ ထားသည်။ ကမာ္ဘ့ ဂိမ်းကစား သူများ အများဆုံး အသုံးပြု နေသည်မှာ PC ဂိမ်းများ သာ ဖြစ်နေ သေးခြင်း အပေါ် အကောင်းဆုံး တုန့်ပြန် နိုင်ရန်အတွက် Sony မှ ယခုကဲ့သို့ Play Station Home ကို စတင် ထုတ်လွှင့် ခဲ့ခြင်းဟု သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here