Microsoft က Patch အသစ် ထပ်ထုတ်ပေး

alt

အ Microsoft ကော်ပိုရေးရှင်းက Windows၊ Office၊ Internet Explorer နှင့် Active X Development Tools များ၏ အားနည်းချက် များကို ပြင်ဆင်ပေးမည့် ဖြည့်စွက်မှု (၂၈) ခုပါ Patch တစ်ခုကို ဒီဇင်ဘာလ (၉) ရက်နေ့က ထုတ်ပေး လိုက်ပြီဟု သိရှိ ရသည်။ Microsoft အနေ နှင့် အားနည်းမှု များ ရှိနေ သည်ဟု ဝေဖန်မှု များ ထွက်ပေါ် နေသော ၎င်း၏ ထုတ်ကုန် အချို့ အတွက် လိုအပ်ချက် တိုင်းနီးပါး အား ဖြေရှင်း ပေးထား သော အဆိုပါ Patch ကို ထုတ်ဝေ လိုက်ခြင်း ဖြင့် သုံးစွဲ သူများ၏ ယုံကြည်မှုကို ပြန်လည် ရရှိစေရန် ကြိုးပမ်း လာခဲ့သည်။

လစဉ်လတိုင်း Patch အသစ်များ ထုတ်ပေးတတ်သည့် Microsoft ၏ ၀န်ဆောင်မှုအနက် ယခု Patch သည် အကောင်းမွန်ဆုံး ဖြစ်လာ နိုင်ကြောင်း ကျွမ်းကျင်သူများ က ဆိုသည်။ ဖြည့်စွက်မှု (၂၈) ခု ထည့်သွင်း ပေးထား သည့် အနက် (၂၃) ခုမှာ အားနည်းချက်များကို ပြုပြင် ဖာထေးရန် ဖြစ်ပြီး ကျန် (၅) ခုမှာ အဆင့်မြှင့်ရန် အတွက် ဖြစ်သည်။ SharePoint နှင့် Windows Media ပရိသတ်များ အတွက်လည်း ယခု ဖြည့်စွက်မှု များက အကြံုးဝင် မည်ဟု Microsoft က ဆိုသည်။

IT နည်းပညာ အကဲခတ်ပုဂ္ဂိုလ်များက Microsoft ၏ ယခုထုတ်ဝေသော Update Patch သည် လုပ်သင့် လုပ်ထိုက် သည်များ အား အကောင်းဆုံး ဆောင်ရွက် ပေးထားကြောင်း ၀န်ခံ ချီးကျူး ခဲ့ကြသည်။ Microsoft အနေနှင့် နောက်ဆုံး Patch ကို စက်တင်ဘာလ ကမှ ထုတ်ပေး ထားခဲ့ သေးသည်။ ကော်ပိုရေးရှင်း က ကြေငြာ ခဲ့ရာတွင် ၎င်းတို့ ၏ ထုတ်ကုန်များ တွင် ပါ၀င် နေသည့် အားနည်းချက်များ အတွက် အသုံးပြု သူများ စိတ်ကျေနပ် စေရန် အကောင်းဆုံး ၀န်ဆောင်မှုများ ဖြည့်စွက် ပေးသွား ဦးမည် ဟု ကတိပြု ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here