Intel က 32nm အဆင့် Processor ထုတ်မည်

alt

I ntel ၏ 32nm အဆင့် Processor များ ထုတ်လုပ်နိုင်ရေး စီမံကိန်းမှာ အရှိန်ကောင်းနေဆဲဟု သိရှိရသည်။ Processor များ ထုတ်လုပ်ရာ တွင် အထင်ကရ ကုမ္ပဏီကြီးဖြစ်သော Intel ကအဆိုပါ 32nm Processor များ အား (၂၀၀၉) ခုနှစ်၊ နောက်ဆုံ း(၃) လအတွင်း ထုတ်လုပ် နိုင်ဖွယ် ရှိကြောင်း ကြေငြာ ခဲ့သည်။ 32nm နည်းပညာအား Intel က မိတ်ဆက် ပေးရာတွင် စွမ်းအင် သုံးစွဲမှု အလွန် များပြားစွာ ခြွေတာ နိုင်မည့်အပြင် လုပ်ဆောင် နိုင်စွမ်းမှာ အထင်ကြီး လောက်ဖွယ် တိုးတက် လာမည်ဟု အာမခံ ထားသည်။

၎င်းထက် ပိုသော အသေးစိတ် အချက်များကို လာမည့် သီတင်းပါတ် အတွင်း ကျင်းပပြုလုပ်မည့် အပြည်ပြည် ဆိုင်ရာ အီလက်ထရွန် ကိရိယာများ ဆိုင်ရာ အစည်းအဝေး တွင် ထုတ်ဖော် ပြသသွားမည်ဟု Intel က ကတိပြု ထားသည်။ 32nm များသည် Intel မှ ထုတ်လုပ်သော ဒုတိယ မျိုးဆက် high-k Processor များ ဖြစ်လာ ပေလိမ့်မည်။

Intel သည် 45nm Nehalem အမျိုးအစား Processor များကို ထုတ်လုပ် ခဲ့ပြီး အဆိုပါ နည်းပညာကို အခြေခံ ကာ စွမ်းဆောင် ရည်ပိုင်း ပိုမို အားကောင်း စေမည့် Processor အမျိုးအစား အသစ်များ အတွက် အားထည့် ကြိုးပမ်း နေခဲ့သည်။ Intel၏ အဆိုအရ ယခုProcessorအသစ်အား PCနှင့် Laptopတိုင်းတွင် တပ်ဆင် နိုင်ရန် ပြုလုပ် ထားကြောင်း သိရှိ ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here