ဖန်လုံအိမ်အာနိသင်ဆိုင်ရာ ၀န်းကျင်ထိန်းသိမ်းရေး ဆွီဒင်ထိပ်

alt

ဖန် လုံအိမ် အာနိသင် ဓာတ်ငွေ့များ ထုတ်လွှတ် ခြင်း အပါအဝင် ပတ်ဝန်းကျင် ထိန်းသိမ်းမှု တွင် ဆွီဒင် နိုင်ငံမှာ ထိပ်ဆုံး အဖြစ် ရပ်တည် နိုင်ခဲ့ သည်။ ကုလသမဂ္ဂ ပတ်ဝန်းကျင် ထိန်းသိမ်း ရေး အဖွဲ့မှ ပေးအပ် ချီးမြှင့်သော ပထမ၊ ဒုတိယ၊ တတိယ ဆုတံဆိပ်များ နှင့် ထိုက်တန်သော နိုင်ငံ မရှိဟု အဖွဲ့က ဆုံးဖြတ် ခဲ့ပြီး နံပါတ်(၄) နေရာမှ စတင် သတ်မှတ် ခဲ့ရာ ဆွီဒင် နိုင်ငံအား ရွေးချယ်ခဲ့သည်။

သို့သော် လည်း ဆွီဒင် အနေ နှင့် ဆုရမည် မဟုတ်ဟုလည်း အတည်ပြု ကြေငြာ ခဲ့သည်။ ယခုရွေးချယ်မှု တွင် နိုင်ငံတစ်ခု မှ ဆု မရခြင်းမှာ စိတ်ပျက် စရာဖြစ်ကြောင်း အဖွဲ့ကြီး က ပြောဆို ခဲ့သည်။ အဖွဲ့ဝင်များ ၏ အဆိုအရ မည်သည့် နိုင်ငံမှ တတိယ ဆု နှင့်ပင် ထိုက်တန် သော ပတ်ဝန်းကျင် ထိန်းသိမ်းမှု မျိုး လုပ်ဆောင် ထား သည်ကို မတွေ့ရကြောင်း ထုတ်ဖော် ကြေငြာ လိုက်သည်။

ဆွီဒင် နောက်တွင် ဂျာမနီ၊ ပြင်သစ်၊ အိန္ဒိယ၊ ဘရာဇီးလ်၊ ဗြိတိန် နှင့် ဒိန်းမတ်တို့က ထိပ်ဆုံး (၁၀) နိုင်ငံ အဖြစ် အစဉ် လိုက် ရပ်တည် နေကြသည်။ ကမာ္ဘ့ လေထု ညစ်ညမ်းမှု၏ (၉၀) ရာခိုင်နှုန်း ကို ဖြစ်ပေါ် စေသော နိုင်ငံပေါင်း (၅၇) ခုအနက် ဆော်ဒီအာရေးဘီးယား မှာမူ နောက်ဆုံး ဘိတ်အဖြစ် ရပ်တည် နေသည်။ ပတ်ဝန်းကျင် ထိန်းသိမ်းမှု အည့ံဖျင်း ဆုံး နိုင်ငံ (၁၀) ခုတွင် ဂရိ၊ မလေးရှား၊ ဆိုက်ပရပ်စ်၊ ရုရှား၊ ဩစတြေးလျ၊ ကာဇက်စတန်၊ လူဇင်းဘတ်၊ အမေရိကန်၊ ကနေဒါ နှင့် ဆော်ဒီအာရေဗျ တို့က နေရာ ယူထား ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here