ဆီလီနီယမ်၊ ဗီတာမင် C နှင့် E တို့ကြောင့် ဆီးကြိတ်ကင်ဆာကို မဟန့်တားနိုင်

alt

ဆီး ကြိတ်ကင်ဆာ အား ဗီတာမင် E နှင့် ဗီတာမင် C တို့က ကာကွယ် ပေးနိုင် သည်ဆိုသော အယူအဆ မှာ မှားယွင်း ကြောင်း နောက်ဆုံး ပြုလုပ် ခဲ့သည့် သုတေသန စစ်တမ်း တစ်ခုတွင် ဖော်ပြ ထားသည်။ ဇန်နဝါရီလ ထုတ် အမေရိကန် ဆေးပညာ အစည်းအရုံး ဂျာနယ်တွင် ယခု တွေ့ရှိချက် ၏ အသေးစိတ် အခြေအနေကို ဖော်ပြ သွားမည် ဖြစ်သည်။

ဆရာဝန်များ က ဗီတာမင် E ရော၊ ဗီတာမင် C တို့ကိုပါ လေ့လာ စမ်းသပ်မှု ပြုလုပ် ခဲ့ကြောင်း၊ ဆီးကြိတ် ကင်ဆာ နှင့် အဆိုပါ ဗီတာမင် ဓာတ်များ ကြား ဆက်စပ်မှု မှာ သိသာ ထင်ရှားမှု မရှိ သလို အကျိုး ရှိစေမည် ဟု ယူဆ ရမှုများလည်း မတွေ့ ခဲ့ရကြောင်း အတည်ပြု ကြေငြာ သွားသည်။ ထို့အပြင် ဆီလီနီယမ် ဓာတ်သည် လည်း လူအများ ယုံကြည် ထားသကဲ့သို့ ဆီးကြိတ် ကင်ဆာ အတွက် ကာကွယ် နိုင်သည့် စွမ်းရည် မရှိကြောင်း ဟူစတန် မှ ဆရာဝန်များ က ဆိုသည်။

လူပေါင်း (၃၅၀၀၀) ခန့်အား စမ်းသပ် ခဲ့ပြီး အသက် (၅၀) မှ (၅၅) နှစ်ကြား အများဆုံး ပါ၀င်သည့် ဆီးကြိတ် ရောဂါရှင်များ ကို လေ့လာမှု များ ပြုလုပ် ခဲ့ရာ မှ အဆိုပါ ကောက်ချက်ကို အတည်ပြု နိုင်ခဲ့ ကြောင်း သိရှိ ရသည်။ ဆရာဝန်များ က ဗီတာမင် E၊ ဗီတာမင် C နှင့် ဆီလီနီယမ် တို့သည် ဆီးကြိတ် ရောဂါကို ကာကွယ် နိုင် သည်ဆိုသည့် အထောက် အထား လုံးဝ မရှိဟု ကြေငြာ သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here