အမေရိကန် လူမျိုးများ ဂိမ်းအလွန်ကစားကြ

alt

အ မေရိကန် နိုင်ငံမှ အရွယ်ရောက် ပြီးသူ လူကြီးဦးရေ၏ ထက်ဝက်ကျော် မှာ ဗီဒီယိုဂိမ်း ကစားကြ ကြောင်း သိရှိရ သည်။ အမေရိကန် ဆယ်ကျော်သက်များ၏ (၉၇) ရာခိုင်နှုန်း နှင့် အသက် (၁၈) မှ (၂၉) နှစ်ကြား လူလတ်ပိုင်းများ၏ (၈၁) ရာခိုင်နှုန်း မှာ ဗီဒီယိုဂိမ်း ပရိသတ်များ ဖြစ်ကြောင်း ကို စစ်တမ်းများ အရ သိခဲ့ ရသည်။

သို့တိုင်အောင် အသက် (၃၀)မှ (၄၉) နှစ်ကြား အရွယ်များ ၏ ဂိမ်းကစားနှုန်း သည် (၆၀) ရာခိုင်နှုန်းမျှ ရှိနေခြင်းမှာမူ အံ့ဩစရာ အခြေအနေ တစ်ခု ဖြစ်လာ သည်။ ဂိမ်းကစားမှု မှာ ဖျော်ဖြေရေး ဆိုင်ရာ ဆွဲဆောင်မှု အကောင်းဆုံး အရာ တစ်ခု ဖြစ်ကြောင်း အမေရိကန်တွင် လူအများ လက်ခံလာကြ သလို ဂိမ်းကစားသူ ဦးရေမှာ လည်း တစတစ များပြား လာနေ သည်။ အချက်အလက်များ အရ အသက် (၆၅) နှစ်နှင့် အထက် သက်ကြီး ရွယ်အိုများ တွင်ပင် ဂိမ်းကစား သူဦးရေ (၂၃) ရာခိုင်နှုန်း ရှိနေသည်ဟု ဖော်ပြ ထားသည်။

လူငယ်များအနက် (၂၀) ရာခိုင်နှုန်းမှာ ထမင်းမေ့၊ ဟင်းမေ့ အခြေအနေအထိ ဂိမ်းအပေါ် ရူးသွပ်စွဲလန်းလေ့ရှိပြီး ဂိမ်းများအနက် Xbox၊ PS3 ကဲ့သို့ ဂိမ်းစက်များ နှင့် ကစားချင်းထက် ကွန်ပျူတာ နှင့် ကစားခြင်း ကို ပိုမိုအား သန်သည် ဟု သိရှိ ရသည်။ ခန့်မှန်းချေ အရ လူငယ်ဦးရေ (၇၃) ရာခိုင်နှုန်းနှင့် လူကြီး ဦးရေ (၇၆) ရာခိုင်နှုန်း တို့သည် ၎င်းတို့၏ PC၊ Laptop များဖြင့် ဂိမ်းကစား လေ့ ရှိကြ သည်။ ထို့အပြင် အမေရိကန်တွင် ဂိမ်းကစား သည့် အသက်အရွယ် အပိုင်းအခြား များကြား ရာခိုင်နှုန်း ကွာဟနေမှုမှာ လည်း တဖြည်းဖြည်း လျော့နည်းလာနေကြောင်း သိရှိ ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here