၀က်သားစားခြင်းကြောင့် မှတ်ဉာဏ်ပိုင်း ထိခိုက်နိုင်ခြေရှိ

alt

၀က် သားစားခြင်းသည် မှတ်ဉာဏ် အခြေအနေ ကို ရောယှက် ရှုပ်ထွေး စေကြောင်း ဆရာဝန်များ က သတိ ပေးခဲ့ သည်။ ယခု တွေ့ရှိမှု အရ စူပါမား ကက်များ တွင် ၀က်သား ၀ယ်ယူရန် စဉ်းစား မိသူတိုင်း လက်တွန့် သွားစေနိုင်ပြီး စမ်းသပ် စစ်ဆေးမှု များ အရ အဆိုပါ ကောက်ချက်မှာ အမှန် ဖြစ်ကြောင်း သိရ သည်။ ဗြိတိန် နိုင်ငံ ကျန်းမာရေး ၀န်ကြီး အဖြစ် တာဝန်ယူ ခဲ့သူ စတီဖန်ဒေါ်ရယ်လ် က (၁၉၉၆) ခုနှစ် အတွင်း ကျွဲ၊ နွားများ ၏ အသား ကို စားခြင်း ဖြင့် ဦးနှောက် ပိုင်းဆိုင်ရာ ထိခိုက်မှု များ ဖြစ်လာ နိုင်သည် ဟူသော ကြေငြာချက် အား သတိရစရာ ဖြစ်လာ စေခဲ့ သည်။

ယခု ထပ်မံ တွေ့ရှိ ရမှုကြောင့် ဥရောယူနီယံ နိုင်ငံများ အတွင်း အစားအသောက် ဆိုင်ရာ လုံခြံုရေး အခြေအနေ အတွက် အရေး တကြီး သုံးသပ်မှု များ လိုအပ် လာနေ ပြီဟု ယူနီယံ မှ အကြီး အကဲများ က ဆို သည်။ ၀က်သား သည် ဦးနှောက် ကျန်းမာရေး အတွက် ခြိမ်းခြောက်မှု များ အမှန်တကယ် စိုးရိမ်ဖွယ် ဖြစ်လာ သလို စားသုံးသူများ အတွက် ဂရုပြု သင့်သည့် အခြေအနေ တစ်ရပ်ဟု ယူဆ ထားကြောင်း ယူနီယံ၏ ကျန်းမာရေး စောင့်ရှောက်မှု အဖွဲ့က ပြောကြား ထားသည်။

ယခု သတင်းအား အိုင်ယာလန် နိုင်ငံ၊ ဒဗ္ဗလင်မြို့ တွင် တွေ့ရှိ ခဲ့သည့် ၀က်သား နှင့် ဦးနှောက် စွမ်းရည် ဆက်စပ်မှု အား စောင့်ကြည့် လေ့လာမှုများ ဆက်လက်ပြု လုပ်သွား မည်ဖြစ်ပြီး အိုင်ယာလန် မှ လွှတ်တော် အမတ် အချို့က နိုင်ငံ အတွင်း ၀က်သား တင်ပို့မှု ကို တားဆီး ပေးရန် တောင်းဆို နေကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here